17.8.13

မြန်မာနိုင်ငံ၏ ယာဉ်တိုက်ခိုက်မှု အခြေအနေအား ပြန်လည်ရှင်းလင်းတင်ပြခြင်း

Saturday, August 17, 2013


၂၀၁၃ ခုနှစ်၊ ဇွန်လ(၅)ရက်ထုတ် 7Day News Journal ပါ ဒေါက်တာကျော်လတ်၏ ယာဉ်တိုက်မှုများနှင့် ယာဉ်တင်သွင်း ခွင့်စနစ်များ ပြန်လည်သုံးသပ်ရန် လိုအပ်ချက်ခေါင်းစဉ်ဖြင့် အကြံပြုရေးသားထားချက် များ ကောင်းမွန်ပါသည်။
သို့ပါသော်လည်း Source ယူထားသည့် List of Countries by traffic-related death rates from Wikipedia Website ၏မှားယွင်းမှုကြောင့် ၂၀၁၀ခုနှစ်တွင် မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှုအခြေအနေသည် ယာဉ်စီးရေ ၁သိန်းလျှင် ၃၃၄၀.၉ ဖြစ်၍ အာဆီယံနိုင်ငံများတွင် အဆိုးရွားဆုံးနှင့် ကမ္ဘာပေါ်တွင် အဆင့် (၅၈)လိုက်၍ များစွာဂုဏ်ယူဖွယ် မကောင်းလှကြောင်း ပါရှိပါသည်။

အမှန်အားဖြင့် ၂၀၁၀ခုနှစ်တွင် ရရှိသော စာရင်းများအရ မြန်မာနိုင်ငံ၌ ယာဉ်တိုက်မှု ၉၀၂၀၊ ဒဏ်ရာရ သူပေါင်း ၁၆၀၁၃နှင့် သေဆုံးသူပေါင်း ၂၄၆၁ဦးရှိပါသည်။ယာဉ်စီးရေး ၂၂၉၈၆၇၇စီး ဖြစ်သဖြင့် ယာဉ်စီးရေ ၁သိန်းလျှင် တစ်နှစ်ပျမ်းမျှလူသေနှုန်းမှာ ၁၀၇.၀၆ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှုအခြေအနေမှာ   အောက်ပါအတိုင်း   ဖြစ်ပါကြောင်း  ပြန်လည်ရှင်းလင်းတင်ပြ အပ်ပါသည်-

စဉ် အာဆီယံနိုင်ငံများ ယာဉ်စီးရေတစ်သိန်းလျှင် တစ်နှစ်ပျမ်းမျှလူသေနှုန်း

၁ ဘရူနိုင်း ၁၉.၈
၂ စင်္ကာပူ ၃၀.၎
၃ မလေးရှား ၃၆.၅
၎ မြန်မာ ၁၀၇.၀၆
၅ ထိုင်း ၁၁၈.၈
၆ အင်ဒိုနီးရှား ၂၁၀.၎
၇ ဖိလစ်ပိုင် ၆၀၆.၁
၈ လာအို ၈၇၁.၎
၉ ဗီယက်နမ် ၁၂၃၈.၅
၁၀ ကမ္ဘောဒီးယား -
၁၁ ကမ္ဘာ ၉၃.၃

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
RTAD

0 comments:

Post a Comment