17.8.13

ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို

Saturday, August 17, 2013
 
Photo: ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို
Saturday, August 17, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိုမို ရှုပ်ထွေးရခြင်း၏ အဓိက အကြောင်းရင်း အချို့မှာ ၀န်ကြီးဌာနမှ ကားတင်ခွင့် အခွန်အား လျှော့ပေါ့ခဲ့ခြင်း၊ ကားပါကင် လုံလောက်မှု မရှိခြင်း၊ ယာဉ်သွားလမ်း အပြည့်အ၀ အသုံးမပြုနိုင်ခြင်း စသည့် အချက် များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

''ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေ အနေနဲ့ယာဉ် ကြောပိုမို ရှုပ်ထွေးလာလို့ အင်အားတိုးချဲ့ ချထားပြီး လမ်းရှင်းပေမယ့် မနိုင်ပါဘူး။ စည်ပင်ဌာန အနေနဲ့ လမ်းမပေါ်မှာ ဈေးသည်တွေ လုံးဝမရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကလည်း လမ်းအပြည့် အ၀ အသုံးချဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အခြေအနေ ကတော့ တိုက်ခန်းမှာ နေတဲ့သူတွေ အနေနဲ့ ကားပါကင်မရှိလို့ လမ်းပေါ်မှာ ထွက်ရပ်နေရတာ အများအပြားပါပဲ။ 

အခုရန်ကုန်မြို့ရဲ့ ယာဉ်ကြောရှုပ်ထွေး မှုပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်မကဘူး။ နိုင်ငံတော် အဆင့်ကပါ စိတ်ဝင်တစား ဖြေရှင်းဖို့ စီစဉ်နေကြပါတယ်'' ဟု သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး မန္တလေးတိုင်းမှာ ဒုတိယ ယာဉ်တိုက်မှု အများဆုံးဖြစ်ကာ ပဲခူးတိုင်း ဒေသကြီးများ တတိယ အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။ဆက်လက်၍ ရဲမှူး ကြီးကျော်ထွေးက ''ဒီကားကျပ်တဲ့ ပြဿနာကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပဲ ပူးပေါင်းဖြေရှင်းတာထက် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် ထိုက်သင့်သလောက် လျော့ကျသွား လိမ့်မယ်လို့ ထင်ပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။

သြဂုတ်လအတွင်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှုပ်ထွေး နေသည်ကို တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိုမို ရှုပ်ထွေးရခြင်း၏ အဓိက အကြောင်းရင်း အချို့မှာ ၀န်ကြီးဌာနမှ ကားတင်ခွင့် အခွန်အား လျှော့ပေါ့ခဲ့ခြင်း၊ ကားပါကင် လုံလောက်မှု မရှိခြင်း၊ ယာဉ်သွားလမ်း အပြည့်အ၀ အသုံးမပြုနိုင်ခြင်း စသည့် အချက်များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက   ပြောကြားခဲ့သည်။

''ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေ အနေနဲ့ယာဉ် ကြောပိုမို ရှုပ်ထွေးလာလို့ အင်အားတိုးချဲ့ချထားပြီး လမ်းရှင်းပေမယ့် မနိုင်ပါဘူး။ စည်ပင်ဌာန အနေနဲ့ လမ်းမပေါ်မှာ ဈေးသည်တွေ လုံးဝမရှိဖို့   ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကလည်း လမ်းအပြည့် အ၀ အသုံးချဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အခြေအနေ ကတော့ တိုက်ခန်းမှာ နေတဲ့သူတွေ အနေနဲ့ ကားပါကင်မရှိလို့ လမ်းပေါ်မှာ ထွက်ရပ်နေရတာ အများအပြားပါပဲ။

အခုရန်ကုန်မြို့ရဲ့ ယာဉ်ကြောရှုပ်ထွေး မှုပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်မကဘူး။ နိုင်ငံတော် အဆင့်ကပါ စိတ်ဝင်တစား ဖြေရှင်းဖို့ စီစဉ်နေကြပါတယ်'' ဟု သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး   ကျော်ထွေးက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး မန္တလေးတိုင်းမှာ ဒုတိယ ယာဉ်တိုက်မှု အများဆုံးဖြစ် ကာ ပဲခူးတိုင်း ဒေသကြီးများ တတိယ အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။ဆက်လက်၍ ရဲမှူး ကြီးကျော်ထွေးက ''ဒီကားကျပ်တဲ့ ပြဿနာကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပဲ ပူးပေါင်းဖြေရှင်းတာထက် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် ထိုက်သင့်သလောက် လျော့ကျသွား လိမ့်မယ်လို့ ထင်ပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။

သြဂုတ်လအတွင်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှုပ်ထွေး နေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group

0 comments:

Post a Comment