13.6.13

ပဋိပက္ခ နောက်ဆက်တွဲ ဒုက္ခသည်များအား ရေရှည်သက်မွေးဝမ်းကျောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း သိရ

မောရ၀တီကျေးရွာမှ နေအိမ်တွင် နေထိုင်ခွင့်ရသည့် မိသားစု တစ်စုအား တွေ့ရစဉ်

မီးရှို့ဖျက်ဆီး ခံထားရသည့် ပဋိပက္ခ နောက်ဆက်တွဲ ဒုက္ခသည်များအား ရေရှည်အတွက် သက်မွေးဝမ်းကျောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူမှုအဖွဲ့ အစည်းများက ပြောကြားသည်။

"မောင်တောဒေသမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ရေရှည်သက်မွေးဝမ်းကျောင်း ရပ်တည်လို့ ရအောင် ဆောင်ရွက်ပေးသင့်တယ်။ အခုတော့ လောလောဆယ် ရပ်တည်လို့ရအောင် စားနပ် ရိက္ခာကို ထောက်ပံ့နေပါတယ်။ အခု တွေ့ရတာတော့ INGO တွေ လေးငါးဖွဲ့လောက် တွေ့ ရတယ်။ ဒါပေမဲ့လို့ LOCAL အဖွဲ့တွေ နည်းတယ်။ မောင်တောမှာ စခန်း ၁၁ ခုကို ကူညီနေ ပါတယ်။ အိုးပစ်အိမ်ပစ် နေထိုင်ရတဲ့ သူတွေကို စားသောက်ကုန်နဲ့ အ၀တ်အထည်တွေ ကို ထောက်ပံ့နေပါတယ်။ ဖေဖော်ဝါရီလောက် ကတည်းက ကူညီနေတာ ဖြစ်ပါတယ်။

အိမ်ပေါ်တက်တယ်ဆိုတာ ရပ်တည်လို့သာရတာ သက်မွေးဝမ်းကျောင်း မပါရင် ရေရှည် ရပ်တည်ဖို့ ခက်ပါလိမ့်မယ်" ဟု စိုပြည်မြန်မာ လူမှုကူညီရေး အဖွဲ့မှ ဦးထွန်းထွန်းက ဆိုသည်။ လက်ရှိ အနေအထားတွင် ဒုက္ခသည်များအတွက် နေအိမ်များ ဆောက်လုပ်ဆဲဖြစ်ပြီး ဒုက္ခသည် အားလုံး နေအိမ်ပေါ်သို့ မရောက်ရှိ သေးကြောင်းလည်း သိရသည်။

မောင်တောမြို့နယ် အတွင်းရှိ ဒုက္ခသည်များအတွက် WFP မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေး လျက် ရှိနေကြောင်းနှင့် အခြားပြည်တွင်း ကူညီမှု အဖွဲ့အစည်းများမှ လာရောက်ကူညီမှုများ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

0 comments:

Post a Comment