13.6.13

မန္တလေး ကိုင်းတန်းဈေးသည် တွေကို ထောင်ဒဏ်ချ

ဈေးရွှေ့ဖို့ အချိန်ထပ်ပေးဖို့ စည်ပင်ကိုတောင်းဆိုခဲ့ပေမယ့် စည်ပင်ကပယ်ချခဲ့တာ ဖြစ်ပါတယ်။ မန္တလေး ကိုင်းတန်းဈေး ပြောင်းရွှေ့ ရေးနဲ့ ပတ်သက်ပြီး၊ မူလနေရာမှာဆက်လက် ရောင်းချခွင့် ရရေးဈေးသည် တွေက မြို့တော်ဝန်ဆီသွားရောက် တောင်းဆိုခဲ့ရာ ကနေအလုပ်သမားအရေး ကူညီသူ ကိုအေးသိန်း အပါအဝင် ဈေးသည်တချို့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၈ လပိုင်းက ကိုင်းတန်း ဈေးသည် တွေကို စည်ပင် သာယာ ကနေ ဈေးရွှေ့ ခိုင်း ခဲ့တာ ဖြစ်ပြီး၊ ဈေးသည် တွေက အချိန် ထပ်ပေးဖို့ စည်ပင်ကို တောင်းဆိုခဲ့ ပေမယ့် စည်ပင်က ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုအေးသိန်းက ဈေးသည်တွေအတွက် သွားရောက်ကူညီပေး ခဲ့ တာဖြစ်ပြီး၊ နောက်ပိုင်းမှာ ဈေးသည်တွေနဲ့အတူ မြို့တော်ဝန် ဆီဈေးရောင်းချခွင့် ရရေး သွားရောက် အသနား ခံ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

 အဲဒါကို မြို့နယ်ကနေ ဆူပူမှုလုပ်တဲ့ ဆိုပြီးဖမ်းဆီးပြီး အမှု ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ကိုအေးသိန်း က ရဲ့ အရင်း နှီးဆုံး မိတ်ဆွေ ကိုသိန်းအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး အယူခံ ဝင်သွားမှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။


BBC Burmese

0 comments:

Post a Comment