13.6.13

အမေရိကန် ခရီးစဉ်အပြန် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ကို လူ ၃ဝဝ ကျော် ကြိုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ဟာ တောင်ကိုရီးယားနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတွေကို တစ်လကြာ လှည့်လည်သွားရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်း က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။

အမေရိကန်ခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အမေရိကန်အစိုးရ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေအပါအဝင် မြန်မာမိသားစုဝင်တွေနဲ့ပါ တွေ့ဆုံဆွေနွေး ခွင့်ရခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ မကြာမီ သတင်းထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးကိုကိုကြီး က RFA ကို အခုလို ပြောပါတယ်။ "စစ်ဘက်ဆိုင်ရာ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူးပေါ့၊ ဗိုလ်ချုပ်နဲ့တွေ့တယ်၊ နောက် ဂျွန်မက်ကိန်း တို့နဲ့ နန်စီဂလိုစီ တို့ ဆီနိတ်တာတွေ ကွန်ဂရက် မန်းတွေနောက် ဂျိုးဆက်ကရောင်နီ တို့နဲ့တွေ့တယ်"

မေလ ၁၈ ရက်နေ့က ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ ဂွမ်ဂျူးလူ့အခွင့် အရေးဆု လက်ခံရယူခဲ့တာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် NED ခေါ် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ချီးမြှင့်တဲ့ ၂ဝဝ၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း လက်ခံ ရယူခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမား သမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ ၃ဝဝ ကျော်က ကြိုဆိုခဲ့ကြပါတယ်။

RFA Burmese

0 comments:

Post a Comment