13.6.13

MAI၊ Air KBZ၊ ကမ္ဘောဇဘဏ်၊ IKBZ အာမခံလုပ်ငန်း စသည့် ကမ္ဘောဇ လုပ်ငန်းစုများအား အများပိုင်အဖြစ် ပြောင်းလဲမည်


 IKBZ ကုမ္ပဏီဖွင့်ပွဲ အခမ်းအနား ပြုလုပ်စဉ်
 
ကမ္ဘောဇ ဘဏ်လုပ်ငန်း၊ MAI လေကြောင်းလိုင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်း IKBZ အာမခံလုပ်ငန်း စသည့်လုပ်ငန်းများအား လုပ်ကိုင်နေသည့် ကမ္ဘောဇ လုပ်ငန်းစုများအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇလုပ်ငန်းများပိုင်ဆိုင်ထားသူမှာ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ကိုဝင်းဖြစ် ပြီး အများပိုင်အဖြစ် ပြောင်းလဲမှုအား လက်ရှိအချိန်မှ စတင်လုပ်ဆောင် မည်ဖြစ်ကာ ပထမဆုံး အဖြစ် IKBZ အာမခံလုပ်ငန်းအား အများပိုင် ကုမ္ပဏီအဖြစ် စတင်ပြောင်းလဲမည် ဖြစ်ကြောင်း သိရှိရသည်။ "နောက်သုံးလလောက် ဆိုရင်ကို IKBZ အာမခံ လုပ်ငန်းကို အများပိုင် ကုမ္ပဏီ အဖြစ် စတင်ပြောင်းလဲပါမယ်။ ဒီအာမခံ လုပ်ငန်းကို စတင်တည်ထောင်ဖို့ စဉ်းစားကတည်းက အများပိုင်ဖွဲ့ဖို့ပါပဲ။ လုပ်ထုံးလုပ်နည်း အခက်အခဲတွေနဲ့ အချိန်ယူလုပ်ရမယ့် အခက် အခဲတွေကြောင့်သာ ကုမ္ပဏီအဖြစ်စတင်တာပါ။ ဒီအာမခံ လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ လုပ်နိုင်အောင် ဆောင်ရွက်မှာပါ" ဟု ဦးညိုမြင့်က ပြောကြားသည်။

MAI လေကြောင်းလိုင်းအား ယခင်က ရာခိုင်နှုန်း ၈၀ သာ ကမ္ဘောဇလုပ်ငန်း အုပ်စုများမှ ပိုင်ဆိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တရားဝင် ခွင့်ပြုချက်များအရ ရာနှုန်းပြည့် ပိုင်ဆိုင်ပြီးဖြစ်ကြောင်း ကမ္ဘောဇ လုပ်ငန်းများအုပ်စု၊ IKBZ အာမခံလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးညိုမြင့်က ပြောကြားခဲ့သည်။ ကမ္ဘောဇလုပ်ငန်းအုပ်စု များအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲမှုအား ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် စတော့ဈေးကွက်တွင် ဈေးကွက်ဝင် ကုမ္ပဏီများအဖြစ် တည်ထောင်သွားမည် ဖြစ်ကြောင်း လည်း ဦးညိုမြင့်က ဆက်လက်ပြောကြားသည်။

"ပြည်သူတွေ အနေနဲ့ ငွေကြေးအရင်းအနှီး နည်းနည်းများများ အစုရှယ်ယာတွေ ၀ယ်ယူ စုဆောင်းပြီး စတော့ဈေးကွက် အောင်မြင်ဖို့အတွက် ကမ္ဘောဇ လုပ်ငန်းစုတွေကို အများပိုင် အဖြစ် ပြောင်းတာပါ" ဟု ဦးညိုမြင့်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment