30.1.14

Internet Dating အပေါ် အယုံအကြည် မရှိသည့် စကားလက်

စကားလက်က ပတ်ဝန်းကျင်တွင် အင်တာနက်မှတစ်ဆင့် ဆက်သွယ်ချိတ်ဆက်သော စုံတွဲများကို တွေ့မြင်နေရသော်လည်း သူမအတွက်မူ ထူးထူးဆန်းဆန်း ကြောင်ကြောင်ကျားကျား ခံစားမှုမျိုး ဖြစ်နေတတ်ကြောင်း ဝန်ခံခဲ့

သူမအနေဖြင့် အင်တာနက်တွင် ချစ်သူရည်းစား ရှာရသည့် Internet Dating ယဉ်ကျေးမှုကို လုံးဝ အယုံအကြည် မရှိကြောင်း စကားလက်

ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ Avengers: Age of Ultronစတား မင်းသမီးသည် လတ်တလောတွင် ပြင်သစ်ရုပ်ရှင် အေဂျင်စီ တစ်ခု၏ ပိုင်ရှင်ဖြစ်သော ရိုမိန်းဒူရီရက်နှင့် စေ့စပ်ထားသည်။ စကားလက်က ပတ်ဝန်းကျင်တွင် အင်တာနက်မှတစ်ဆင့် ဆက်သွယ်ချိတ်ဆက်သော စုံတွဲများကို တွေ့မြင်နေရသော်လည်း သူမအတွက်မူ ထူးထူးဆန်းဆန်း ကြောင်ကြောင်ကျားကျား ခံစားမှုမျိုး ဖြစ်နေတတ်ကြောင်း ဝန်ခံခဲ့သည်။

"ကိုယ်နဲ့တွေ့မယ့်သူက ဘယ်လိုပုံလဲ။ သူ့အကြောင်းအရာတွေက မှန်ကန်ရဲ့လား ဆိုတာမျိုး စိုးရိမ်စိတ်နဲ့ လူတစ်ယောက်ကို တွေ့ရမလား။ ကျွန်မအတွက်တော့ ဒါမျိုးက ကြောက်စရာကြီးပါပဲ"ဟု စကားလက်က ဆိုသည်။ သူမက ရိုမိန်းနှင့် စေ့စပ်ခဲ့ရသည့်အတွက် အမှန်တကယ် ပျော်ရွှင်မိကြောင်းလည်း ဝန်ခံခဲ့သည်။ စကားလက်သည် ယခင်အိမ်ထောင်ဟောင်း ရိုင်ယန်ရေးနိုးလ်နှင့် လမ်းခွဲပြီးနောက် ရိုမိန်းနှင့် စတင်သိကျွမ်းလာခြင်း ဖြစ်သည်။ "သူနဲ့ စေ့စပ်ဖြစ်ခဲ့တဲ့ အချိန်တွေကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ရိုမိန်းဟာ နှစ်လိုစရာ အမျိုးသားတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကျွန်မ သိပ်ချစ်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း အရမ်းကို Romantic ဆန်ပါတယ်"ဟု စကားလက်က People မဂ္ဂဇင်းသို့ ခပ်ကြွားကြွား ပြောကြားသွားခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment