30.1.14

မာတုဂါမတို့နှင့် ထေရ၀ါဒသာသနာ

★ “အာနန္ဒာ မာတုဂါမတို့ သာသနာတွင်း
ဝင်လာခြင်းကြောင့် အနှစ်တထောင်တည်မည့် သာသနာသည်အနှစ်ငါးရာသာ တည်လတံ့”-ဆိုပါသည်၊
ဘာကြောင့် လျှော့နည်းသွားရပါသနည်း၊ ဘာကြောင့်
အလျှော့ခံ၍ မာတုဂါမတို့အား ဘိက္ခုနီအဖြစ် ခွင့်ပြုရပါသနည်း၊ ရှင်းလင်းဖြေကြားတော် မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။



★ ( ဖြေ ) မာတုဂါမအား အတားအဆီးမရှိ အလုံးအရင်းဖြင့်
သာသနာသို့ ၀င်ခွင့်ပြုလိုက်လျှင် လောကလူ့ဘောင်မှာကဲ့သို့ ကိလေသာအနှောင်အဖွဲ့ဖြင့် ရစ်ပတ်ထုံးဖွဲ့၍ သာသနာတော်
ခိုင်ခံ့ဖွယ်မရှိ၊ မဂ်ဖိုလ် ရနိုင်ဖွယ်မရှိ ဖြစ်ပေမည်။
ထို့ကြောင့် မာတုဂါမများ သာသနာဝင်ရောက်ခွင့်ပေးရာ၌ မာတုဂါမမှ ဖြစ်လာသော ဘိက္ခုနီ (ရဟန်းမိန်းမ) သည် ဘိက္ခု (ရဟန်းယောက်ျား) အား ကြီးငယ်မရွေး ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ အဆုံးအမခံခြင်း။ ၀တ်အကျင့်ပြုလုပ်ခြင်း၊ ပြစ်တင်ရေရွတ်တိုင်းထွာမှု မပြုရခြင်း စသည်များပါသော ဂရုဓမ်တရား ရှစ်ပါးကို ပဋိညာဉ်မှု
ခံဝန်ပြုစေ၍ သာသနာဝင်ခွင့်ပေးခဲ့သည်။

★ ဤဂရုဓမ်တရားရှစ်ပါးသည် ကန်ဘောင်ကန်ရိုးကြီးပမာ သာသနာခိုင်ခံ့ကြောင်း တည်တံ့ကြောင်းဖြစ်သည်၊
မာတုဂါမများ သာသနာသို့ ၀င်ရောက်လာသော်လည်း အနှစ်တထောင်မှ နှစ်ငါးရာသို့ ယုတ်လျှော့၍ မသွားတော့ပေ။ ဂရုဓမ်တရားရှစ်ပါးကို မပစ်ညတ်ခဲ့လျှင်သာယုတ်လျော့သွားစရာရှိပေသည်၊
ဘိက္ခုနီအဖြစ်ခွင့်ပြုလက်ခံရခြင်းမှာလည်း မာတုဂါမတို့ အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ ရှေးဘုရားရှင်များလက်ထက်က ပါရမီဖြည့်ကျင့်လာခဲ့သော ရဟန္တာမလောင်းတို့ ရှိနေခြင်း၊ အမျိုးသမီးတို့လည်း အမျိုးသားတို့နှင့်တန်းတူဘုရားရှင်သာသနာတော်ကို
ထမ်းဆောင်နိုင်ခွင့်ရှိခြင်းတို့ကြောင့် ခွင့်ပြုတော်မူခဲ့ရပါသည်။

★ သို့သော်လည်းပဲ ဘိက္ခူနီမ သာသနာ ( ၅၀၀ ) ကုန်ဆုံးခဲ့လေပြီ ဖြစ်၍ ထေရ၀ါဒ သာသနာတွင်အမျီုးသ္မီးများ ဘိက္ခူနီမ၀တ်ခြင်း
မပြုတော့ပေ တချီုသို့နိုင်ငံများတွင် ဘိက္ခူနီမတို့ရှိသည်
သို့သော်ငြားလည်း
ပိဋကတ် သုံး ပုံ အာဂုံဆောင် သာသနာ့အာဇာနည်များ
ထွန်းကားပေါ်ထွက်ရ တခုတည်းသောနိုင်ငံဖြစ်သော
မြန်မာနိုင်ငံမှာဖြင့် ဘိက္ခူနီမ၀တ်ခွင့်အား
မြတ်ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်
တော်အတိုင်း လုံးဝခွင့်မပြုပါ။

{အရှင်မုနိန္ဒ(ပန်းထော်)
နှလုံးသားအာဟာရ

0 comments:

Post a Comment