30.1.14

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးတွေအပေါ် အပြစ်ပုံချတဲ့ အမတ်ကို ဝေဖန်ကြ

အိန္ဒိယနိုင်ငံက အမျိုးသမီးနိုင်ငံရေးသမား တစ်ဦးက အမျိုးသမီးတွေ အတင်းအဓမ္မ ပြုကျင့်ခံရတာဟာ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ အဝတ်အစား၊ သွားလာတဲ့နေရာနဲ့ အမူအယာတွေကြောင့် ဖြစ်နိုင် တယ်လို့ ပြောဆိုလိုက်တဲ့အပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။


Nationalist Congress Party ခေါင်းဆောင် Asha Mirje ဟာ အိန္ဒိယနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ လွှတ်တော်အမတ်က အဲဒီဆေးကျောင်းသူဟာ ည ၁၁ နာရီအချိန်မှာ သူငယ်ချင်းတွေနဲ့ ဘာကြောင့် အပြင်ထွက်တာလဲ ပြီးတော့ စက်ရုံဟောင်းတစ်ခုမှာ သတင်းယူရင်း အဓမ္မပြုကျင့်ခဲ့ရတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး အဲဒီ ဓာတ်ပုံသတင်းထောက်ဟာလည်း ဘာကြောင့် လူသူကင်းမဲ့တဲ့ နေရာမှာ သတင်းယူရတာလည်း ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးတော့ အမျိုးသမီးတွေရဲ့ ဝတ်ဆင်မှု၊ အမူအယာနဲ့ မသင့်တော်တဲ့ နေရာမှာ သွားလာတာတွေက မုဒိမ်းကျင့်မှုတွေကို ဖြစ်စေတယ်လို့ အဆိုပါ လွှတ်တော်အမတ်က ပြောလိုက်ပါတယ်။

ဒီလို ပြောဆိုမှုတွေကို သူ့ပါတီတွင်းက လူတွေကတောင် နှုတ်ဆိတ်နေပြီး တခြားပါတီတွေကလည်း ဝေဖန်မှုလုပ်လိုက်ပါတယ်။

ဝေဖန်သူတွေကတော့ မုဒိမ်းကျင့်ခဲ့သူကို အပြစ်မတင်ပဲ မုဒိမ်းကျင့်ခံရသူတွေကို အပြစ်တင်တာကို ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းဟာ သူတို့ သွားချင်တဲ့နေရာ၊ ဝတ်ချင်တဲ့ အဝတ်အစားကို ဝတ်ခွင့်ရှိတဲ့အကြောင်း ဒီလို ဝတ်တာကို ကြည့်ပြီး စိတ်ရိုင်းဝင်၊ စိတ်မထိန်းနိုင်တဲ့ ယောင်္ကျားတွေအပေါ်မှာသာ အပြစ်ရှိကြောင်း ပြောလိုက်ပါတယ်။

ယောင်္ကျားတွေဟာ တိရိစ္တာန်တွေမဟုတ်တဲ့အတွက် စိတ်တွေထိန်းသင့်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ (Credit: ABC)

ABC

0 comments:

Post a Comment