29.1.14

ကားပါကင်ခ ကြွေးကျန်များကြောင့် လိုင်စင် ဆိုင်းငံ့ခံရသည့် အမ်မာစတုန်း

Amazing Spiderman စတား ဇာတ်ဆောင်မင်းသမီးသည် ကားပါကင်ကြေးများအတွက် (၄၃၇)ဒေါ်လာ ပေးချေရန် ကြွေးကျန်ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည့်နောက် ကယ်လီဖိုးနီးယား ပြည်နယ်တွင် လိုင်စင်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။

အမ်မာစတုန်း အနေဖြင့် သူမ၏ ကားပါကင်ကြေးများကို ပေးချေရန် ပျက်ကွက်မှုများကြောင့် ယခုအခါ ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခြင်း ခံထားရကြောင်း သိရှိရသည်။ ဟောလီးဝုဒ်၏ ကြယ်ပွင့်သစ်သည် ဇာတ်ကား အများအပြား လက်ခံ ရိုက်ကူးပေးနေသလို ကိုယ်တိုင်လည်း ဒေါ်လာ သန်းပေါင်း အတော်များများ ကြွယ်ဝသည့် သူဌေးမလေး

တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော (၈)နှစ်တာ အတောအတွင်း ဒေါ်လာငွေ ရာဂဏန်းမျှကို မှန်ကန်စွာ ပေးသွင်းရန်မူ ပျက်ကွက်မှုများ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

Amazing Spiderman စတား ဇာတ်ဆောင်မင်းသမီးသည် ကားပါကင်ကြေးများအတွက် (၄၃၇)ဒေါ်လာ ပေးချေရန် ကြွေးကျန်ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည့်နောက် ကယ်လီဖိုးနီးယား ပြည်နယ်တွင် လိုင်စင်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ အမ်မာအနေဖြင့် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မှန်ကန်စွာ ငွေကြေးပေးချေမှုများ မရှိခဲ့ဟု တာဝန်ရှိသူများက ယူဆနေသည်။ Easy Aစတားသည် ထိုစဉ်ကာလများက ရုပ်မြင်သံကြား စီးရီးအချို့တွင် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်သော်လည်း ဝင်ငွေနည်းပါးသေးသည့် မထင်မရှား သရုပ်ဆောင် တစ်ဦးမျှသာ ရှိသေးသည်။ သို့သော်လည်း Amazing Spidermanနှင့် The Help ဇာတ်ကားများဖြင့် စတင်နာမည်ကြီးလာပြီးနောက် အမ်မာ၏ လက်ရှိ ကြွယ်ဝမှုသည် ဒေါ်လာ (၈)သန်းမျှ ရှိနေပြီဟုလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment