29.1.14

"စိတ်သစ်ကိုင်း"

အားနွဲ့နေတဲ့ သစ်ကိုင်းလေးတစ်ကိုင်းဟာ
ငှက်ကလေးတွေ လာခိုနားခိုက်မှာလည်း
တုန်လှုပ်ယိမ်းယိုင်သွားရတယ်။

အဲဒီလာနားတဲ့ ငှက်ကလေးက တနေရာရာကို
ပျံသန်းစွန့်ခွါသွားချိန်မှာလည်း
တုန်လှုပ်ပြီး ကျန်ရစ်ခဲ့ရတယ်။

တစ်ချို့လူတွေရဲ့ စိတ်ကလည်း
အားနွဲ့တဲ့ သစ်ကိုင်းတစ်ကိုင်းလိုပဲ-

ရာထူး အာဏာဂုဏ် ၊ပညာဂုဏ်၊ ဓနဂုဏ်
အလှဂုဏ်စတဲ့ ဂုဏ်တွေနဲ့ တူတဲ့ ငှက်ကလေးတွေ -
လိုချင်တဲ့လောကဓမ်၊ မလိုချင်တဲ့ လောကဓမ်ဆိုတဲ့
လောကဓမ်ရှစ်ပါးနဲ့ တူတဲ့ ငှက်ကလေးတွေ-
အကြောင်းသင့်လို့ ဝင်နားတဲ့အခိုက်မှာလည်း
တုန်လှုပ် ယိမ်းယိုင်သွားတတ်ကြတယ်။




အဲဒီဂုဏ်တွေ၊ လောကဓမ်တွေက
အကြောင်းအမျိုးမျိုးကြောင့် မိမိကို စွန့်ခွါသွားပြန်တော့လဲ
တုန်လှုပ်ခါရမ်းပြီး ကျန်ခဲ့ကြတယ်။

ဝင်လာပြီး နားခိုစဉ်မှာလည်း မတုန်လှုပ်ဖို့ -
စွန့်ခွါသွားစဉ်အခိုက်မှာလည်း မတုန်လှုပ်ဖို့
သန်မာဖွံ့ဖြိုးတဲ့ အားအစွမ်းတွေ ရှိနေအောင်လေ့ကျင့်ယူရမယ်။

တကယ်တော့
လောကဓမ်ဆိုတာ
စိတ်ဓာတ်သစ်ကိုင်းလေးရဲ့
အားနွဲ့မှု သန်မာမှုကို အားစမ်းနေတဲ့
ငှက်တစ်ကောင်နဲ့ အတူတူပါပဲ။

Ashinwann Maha
ဥုးဝဏ္ဏသာရ
=======

Mind as a branch.
<><><><><><><>
The moment a bird comes and rests on a weak branch, it shakes and sways...

The moment that bird leaves and flies off, the branch shakes and sways behind...

Some of the people's mind is likened to a weak branch.

When either position, prestige for authority and power,prestige for education, prestige for wealth, prestige for beauty, etc. likened to the birds, or wanted and unwanted worldly conditions likened to the birds come and rest, we tremble and quiver.

When these prestige and worldly conditions abandon us for different reasons, we quiver and tremble behind uncontrollably.

Therefore…
We must practice to attain well-developed and powerful strength that help us not to quiver while coming and resting, or leaving.

Indeed...
Worldly condition is likened to the bird that is testing the strength and weakness of a branch (mind)

ရနံ့စံအိမ်

0 comments:

Post a Comment