22.8.16

အစိုးရကို ယုံကြည်၍ NCA မထိုးသောအဖွဲ့များ ပင်လုံညီလာခံတက်ရန် ကြိုးစားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဂွန်မော်ပြော

NCA လက်မှတ်မရေးထိုး  ထားသော အဖွဲ့များအနေဖြင့် အစိုးရကို ယုံကြည်သည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံသို့တက် ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ် ကြောင်း ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။
ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC)က ဖွဲ့စည်း ထားသည့် နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဩဂုတ် ၂၀ ရက်က တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးပွဲ အပိတ်အမှာစကားတွင် ‘‘ကျွန်တော်တို့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့များက နိုင်ငံတော်အစိုးရကို ယုံကြည်တဲ့ စိတ်ဓာတ်နဲ့၊ ဂုဏ်ပြုတဲ့ စိတ်ဓာတ်နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ရန် ကြိုးစားနေတာ ဖြစ်ပါတယ်’’ဟု DPN ဒုအဖွဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့်ဗိုလ်ချုပ်ဂွန်မော်က ထည့်သွင်းပြောကြားသည်။
DPN သည် ဩဂုတ် ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ် မည့် နိုင်ငံရေးမူဘောင်သုံးသပ် အစည်းအဝေးသို့ NCA ရေးထိုးထားသည့်အဖွဲ့များနှင့် အတူ တက်ရောက်မည်ဖြစ်သည်။ မူဘောင်သုံးသပ်သော အစည်းအဝေးသို့ NCA တွင်မပါဝင်သည့် မိုင်းလားအဖွဲ့ (NDAA)လည်း တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီ လာခံသို့ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့များကို  တက်ရောက်ခွင့်ပြုထားသည်။ ပင်လုံညီလာခံပူးတွဲကျင်းပရေးကော်မတီကို ဩဂုတ် ၂၂ ရက်တွင် NCAရေးထိုးထားခြင်းမရှိသည့်အဖွဲ့များပါ ထည့်သွင်း၍ ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment