22.8.16

ရုရှားအရှေ့ဖျားဒေသတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၌ အစ်ကန်ဒါ-အမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်


ရုရှားတပ်ဖွဲ့များသည် နိုင်ငံအရှေ့ဖျားဒေသ၌ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစ်ကန်ဒါ-အမ် အမျိုးအစား ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်တွင် ပြောကြားသည်။
အမူးရ်ဒေသအတွင်းရှိ ဗဟုဂံပုံသဏ္ဌာန်ရှိသော ပစ်မှတ်တစ်ခုကို အဆိုပါ ဒုံးကျည်က အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း၊ ဒုံးကျည်သည် ခရီးတာ ကီလိုမီတာ ၃ဝဝ (၁၈၆ မိုင်)အထိ ပျံသန်းသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို လူမှုမီဒီယာများက ဖော်ပြခဲ့သည်။

ဒုံးကျည်သည် ရန်သူအဖြစ် သဏ္ဌာန်တူပြုလုပ်ထားသော အရာများအပါအဝင် အဆောက်အအုံအချို့ကို ထိမှန်ကာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြသည်။

နေတိုးအဖွဲ့က အက်စ် အက်စ်-၂၆ ဟု အမည်ဝှက် ပေးထားသော ဆိုဗီယက်ခေတ် စကာ့ဒ်ဒုံးကျည်များ နေရာတွင် ရွေ့လျားဒုံးပစ်စင်ပေါ်မှ ပစ်ခတ်နိုင်သည့် အက်စ်ကန်ဒါ ဒုံးကျည်များကို အစားထိုးသွားမည်ဖြစ်သည်။ အက်စ်ကန်ဒါ အမျိုးအစား ပဲ့ထိန်းဒုံးကျည် အမျိုးအစားနှစ်မျိုးရှိပြီး အခြားတစ်မျိုးမှာ အကွာအဝေးကီလိုမီတာ ၅ဝဝ အထက် (မိုင် ၃ဝဝ)ခန့်အထိ ပစ်ခတ်နိုင်ကာ သမားရိုးကျ လက်နက်ထိပ်ဖူး သို့မဟုတ် အဏုမြူလက်နက်ထိပ်ဖူးများကို သယ်ဆောင်နိုင်စွမ်းရှိသည်။

ဒုံးကျည်ပစ်ခတ် စမ်းသပ်သော အမူးရ်ဒေသသည် ရုရှားနိုင်ငံအရှေ့ဖျားရှိ ဆိုက်ဘေးရီးယားဒေသ အရှေ့ ပိုင်း၌ တည်ရှိသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment