23.6.13

လက်ဘနွန် ဒေသတွင်း လုံခြုံရေးကို လက်ဘနွန် စစ်တပ်က ဆက်လက် တာဝန်ယူမည်

လက်ဘနွန် နိုင်ငံအတွင်း အချို့နေရာ များတွင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် အတွက် လက်ဘနွန် တပ်မတော် အနေဖြင့် နိုင်ငံတွင်း လုံခြုံရေးအား ဆက်လက် တာဝန်ယူ ထိန်းသိမ်းရန် ဆုံးဖြတ် ထားကြောင်းနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အဆိုပါ စစ်တပ် ဆန့်ကျင် ဆန္ဒပြမှု များသည် တပ်မတော် သားများ အနေဖြင့် စိတ်ဓာတ် ပျက်ပြားပြီး နိုင်ငံတွင်း ဆူပူ အုံကြွမှုများ ဖြစ်ပွားရာတွင် ပါဝင် လာစေရန် ရည်ရွယ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း လက်ဘနွန် ကာကွယ်ရေး ဝန်ကြီး ဖေးယက်ဇ်ဂိုစ်က ဇွန် ၂၁ ရက်တွင် ပြုလုပ်သော အစည်း အဝေး၌ ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်သည် အကြောင်းမဲ့ သက်သက် ရပ်တည်နေခြင်း မဟုတ်ဘဲ နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းရန် လိုအပ်လျှင် တပ်မတော် ကိုသာ အားကိုး အားထားပြု ရမည်ဖြစ်ကြောင်း ၄င်းက အလေးထား ပြောကြား ခဲ့သည်။ ထို့ပြင် ယခု ဖြစ်ပွားနေသော ဆူပူအုံကြွမှု များနှင့် သွေးထိုးလှုံ့ဆော် မှုများတွင် လက်ဘနွန် ပြည်သူများ မပါ ဝင်ကြရန် ၄င်းက တိုက်တွန်း ပြောကြား ခဲ့သည်။ လက်ဘနွန် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင် ပါက တပ်မတော် အနေဖြင့် သည်းခံ ခွင့်လွှတ်သွားမည် မဟုတ်ကြောင်း လက်ဘနွန် နိုင်ငံမှ တပ်မှူး တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျင်းကာ ဝှာဂျီက ဇွန် ၂ဝ ရက်တွင် ပြောကြား ခဲ့သည်။

မြ၀တီ

0 comments:

Post a Comment