23.6.13

နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1) အီရန်သမ္မတ သစ်ရိုဟန်နီနှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်း

ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1)က အီရန်နိုင်ငံ၏ နျူကလီးယား ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက် ၍ အီရန် သမ္မတအဖြစ် ရွေးချယ် ခံရသော ရိုဟန်နီနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှု တစ်ရပ်အား ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောကြား ခဲ့သည်။

ရိုဟန်နီအနေဖြင့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် မကြာမီတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဆွေးနွေး ပွဲ ပြုလုပ်ရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ဇွန် ၂၁ ရက် တွင်ပြောကြားခဲ့သည်။ ရိုဟန်နီသည် ဇွန် ၁၄ ရက်က ကျင်းပသော အီရန် သမ္မတ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ထောက်ခံမဲစုစုပေါင်း ၅ဝ ဒသမ ၇ ရာခိုင်နှုန်းရရှိကာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ် သည်။

ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီ နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P 5+1) နှင့် အီရန်နိုင်ငံသည် အီရန်၏နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးပွဲများ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့သည်။

အနောက် နိုင်ငံများက ပြောဆိုလျက်ရှိ သည့် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် များသည် စစ်ဘက် ဆိုင်ရာများတွင် သုံးစွဲရန်ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အီရန်နိုင်ငံ သည် နျူကလီးယားမပြန့်ပွားရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်း အင် အေဂျင်စီတွင်လည်း အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက်နျူကလီးယား နည်းပညာအား ငြိမ်းချမ်းရေး ရည်ရွယ်ချက် ဖြင့်သာ သုံးစွဲခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment