23.6.13

သတ္တ သတ္တာဟ မဟာ ဗောဓိ စေတီ တော်မြတ် ကြီးသို့ ဘုရား ဖူးများ အဆင်ပြေ စေရေး မော်တော်ယာဉ် လိုင်းများ ပြေးဆွဲ ပေးလျက်ရှိ

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဥဒယရံသီ ကုန်းတော်တွင် တည်ထား ကိုးကွယ်လျက် ရှိသော သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်လို သည့် ပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော် မတီ (မြို့တွင်း)မှ အားမာန်သစ် အမှတ် (၈) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊ မြို့မဈေး၊ ပုဗ္ဗသီရိ၊ သတ္တ သတ္တာဟစေတီ ခရီးစဉ်အား လည်း ကောင်း၊ ရွှေမြို့တော် အမှတ်(၂) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊ မြို့မဈေး၊ ချင်းရွာ၊ သတ္တ သတ္တာဟ စေတီ ခရီးစဉ် အားလည်းကောင်း၊ တော်ဝင် ယာဉ်လိုင်း များဖြင့် တပ်ကုန်း၊ သတ္တသတ္တာဟ စေတီ ခရီးစဉ်တို့အား လည်းကောင်း နေ့စဉ် ပြေးဆွဲပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment