23.6.13

အမေရိကန် နိုင်ငံ စစ်ဘက်သုံး ရဟတ်ယာဉ်များ ထိုင်းနိုင်ငံသို့ ရောင်းချရန် ပြင်ဆင်လျက်ရှိ

အမေရိကန် ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ Lakota စစ်ဘက်သုံး ရဟတ်ယာဉ် ခြောက်စင်းအား ထိုင်းနိုင်ငံ သို့ရောင်းချရန် အမေရိကန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရှိ အရာရှိအသိုင်းအဝိုင်း က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အနေဖြင့် ထိုင်းနိုင်ငံကဝယ်ယူရန်ကမ်းလှမ်းလာသော အဆိုပါရဟတ်ယာဉ် ခြောက် စင်းအား ရောင်းချပေးနိုင်ရန်အတွက် စဉ်းစားလျက် ရှိကြောင်း ကာကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက် မှု အေဂျင်စီက ဇွန် ၂၁ ရက်က ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့် ရှိသူ ဒုတိယဗိုလ်မှူးကြီး ကက်သရင်း ဝယ်လ်ကင်ဆန်က ထိုင်းနိုင်ငံသို့ ရဟတ်ယာဉ်များ ရောင်းချ ပေးရန် စီစဉ်ထားမှု အပေါ် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် Lakota ရဟတ်ယာဉ် များအား အရေးပေါ် တုံ့ပြန်မှု အစီအစဉ်များနှင့် နယ်စပ် ဒေသလုံခြုံရေး အတွက် သုံးစွဲလျက် ရှိသည်။

မြ၀တီ

0 comments:

Post a Comment