23.6.13

စစ်ရေး လေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန် နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့် ထားရှိခဲ့ဟု အိုဘားမား ပြောကြား


ဆီးရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော ဂျော်ဒန်နိုင်ငံ အတွင်းရှိ သဲကန္တာရ ဒေသတွင် ဇွန် ၉ ရက်က စတင် ပြုလုပ်ခဲ့သော နိုင်ငံပေါင်းစုံ စစ်ရေး လေ့ကျင့်မှုသည် ဇွန် ၂ဝ ရက်တွင် ပြီးဆုံးခဲ့ပြီးနောက် တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့်ကို ဂျော်ဒန်နိုင်ငံတွင် ထားရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် လုံခြုံရေးဆိုင်ရာအခြေအနေများ စိတ်ချရသည့်အနေအထားသို့ ရောက်ရှိလာသည် အထိ အမေရိကန်တပ်ဖွဲ့ဝင်များကို ၄င်းနိုင်ငံတွင်ထားရှိသွားမည်ဖြစ်ကြောင်း အိုဘားမားကထပ်လောင်း  ပြော  ကြားခဲ့သည်ဟု သိရသည်။ ဂျော်ဒန် နိုင်ငံတွင် ကျင်းပခဲ့သော စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံ ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် အရေအတွက် ၈ဝဝဝ ခန့်ပါဝင်ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် Patriot ဒုံးကျည်စနစ်များ၊ တိုက်လေယာဉ် များနှင့် ဆက်သွယ်ရေး လေ့ကျင့်မှု စနစ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment