4.7.13

ဓာတ်အားလိုင်း တာဝါတိုင်ပေါ် တက်၍ သံချောင်းများ ခိုးသူဖမ်းမိ

 
   ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်တဲကျေးရွာအုပ်စု ခါလိန်ကျေးရွာ အနောက်တစ်မိုင်အကွာ ရှိ ရွှေလီ၊ မန်ဆန်ရွှေစာရံ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၁၃၄) အမြင့် ၇၂ ပေပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီက အမည်မသိလူတစ်ဦး တက်ရောက်ပြီး တာဝါတိုင်တွင် တပ်ဆင်ထားသော သံချောင်းများ ခိုးဖြုတ်ယူနေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက တာဝါတိုင်ပေါ်သို့ တက်နေသည့်သူအား အောက်သို့ဆင်းစေခဲ့သည်။အဆိုပါ တာဝါတိုင်ပေါ်တက်နေသည့်သူမှာ လှကွယ် (ခ) ဂုဏ ၃၅ နှစ် (ဘ) ဦးနန္ဒိယ နောင်ပိန်မြို့နယ် လုပ်ပါကျေးရွာနေသူဖြစ်ပြီး တာဝါတိုင်ပေါ်တက်၍ ခိုးဖြုတ် ယူခဲ့သော ပစ္စည်းများမှာ အရှည် ၄ ပေခွဲ၊ ပတ်လည် ၁ ပေခွဲရှိ သံချောင်း နှစ်ချောင်း၊ ၂၄ ဆိုဒ် မူလီတိုင် အ လွတ် ငါးချောင်းနှင့် ခေါင်းပါ တစ်ချောင်း၊ ၃ဝ ဆိုဒ် မူလီတိုင် ခေါင်းပါ တစ်ချောင်းနှင့် အလွတ်တစ်ချောင်း၊ အမ်ဝိုင်ယာဖမ်း ကလစ်တစ်ခု၊ စတန်းဗို့တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းများ ခိုးသူ လှကွယ် (ခ) ဂုဏအား သီပေါ ရဲစခန်းမှ (ပ)၇၅/၁၃ ပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူ ထားကြောင်း သိ ရ သည်။

မြ၀တီ

0 comments:

Post a Comment