4.7.13

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေး မဲခေါင်အောက်ပိုင်း နိုင်ငံများသို့ နိုင်ငံခြားရေးဝန်ကြီး အဆိုပြု

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်သွားရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ခြောက်ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ မိတ်ဆွေနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယင်းအစည်းအဝေးများသို့ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘာဂါဝန်မြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့သော (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် တစ်ဆက်တည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။
 
မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေးကို အဆိုပြုခဲ့ခြင်းဖြစ်သည်။ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးနှင့် အနာဂတ် ဦးတည်ချက်၊ အာဆီယံနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများနှင့် ဒေသနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

Ref: first-11

0 comments:

Post a Comment