4.7.13

စက်လှေ နစ်မြုပ်မှုအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ပေး


ကော့သောင်းမြို့မှ စိန်ဖြိုးအောင်(၃) စက်လှေသည်  ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများမှ ငါးများ သယ်ယူတင်ဆောင်ကာ Check Point သို့ စစ်ဆေးခံရန် ပြန်လာစဉ် ရာသီဥတု ဆိုးရွားပြီး တင်ဆောင်လာသည့် ငါးပုံးများ ရွေ့လျားမှုကြောင့် လှေတစ်ခြမ်း စောင်းကာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၉ မိုင် ၅ ဖာလုံခန့် အကွာ၌ နစ်မြုပ်ခဲ့သည်။



အဆိုပါ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် ထွက်ခွာခဲ့ရာ စက်လှေနစ်မြုပ်ရာ နေရာသို့ ရောက်ရှိချိန်၌ နစ်မြုပ်ဆဲ စက်လှေ ၏ ရေပေါ်ပေါ်နေသော လှေဦးပိုင်းတွင် ခိုတွယ်နေသည့် ပဲ့နင်း အပါအဝင် ရေလုပ်သား ရှစ်ဦးအား တပ်မတော်(ရေ)မှ စစ်သည်များက အချိန်မီ ကယ်တင်၍ လိုအပ်သော ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady


0 comments:

Post a Comment