4.7.13

နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း လွတ်မြောက်မည်ဟုဆို

အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း၌ ပြန်လွတ်မြောက်တော့ မည်ဟု သမ္မတက ဖွဲ့ပးထားသည့် နိုင်/ကျဉ်းစိစစ်ရေး ကော်မတီဝင်လည်းဖြစ် နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးညိုထွန်း က ပြောသည်။''ဒီလ ၁ဝ ရက် ၁၅ ရက်အတွင်း လွှတ်ပေးမယ်ခင်ဗျ။ ပထမပတ်လည်း ဖြစ်နိုင်တယ်'' ဟု သူကဆိုသည်။လွှတ်ပေး ၏ရမည့် နိုင်ငံရေးအကျဉ်းသား ၂ဝ၃ ဦးရှိကြောင်း သမ္မတက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင်ပါဝင်သော လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီတို့က အစိုးရထံတင်ပြထားသည်ဟုလည်း ဦးညိုထွန်း က အတည်ပြုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ကိုးကြိမ်တိုင်ပေးပြီဖြစ်သော်လည်း နိုင်ငံ တဝှန်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ် သည်။နိုင် /ကျဉ်း စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဘိုကြည်ကလည်း အကျဉ်းထောင် များအတွင်းမှနိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်ရန် ကြိုး စားနေ စဉ်မှာ ပင် နိုင်ငံရေးအကျဉ်းသားများ တိုးလာသည် ဟု ဇွန်လနှောင်းပိုင်းက မဇ္ဈိမကို ပြောခဲ့သည်။

နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို စစ်အစိုးရလက်ထက်က ပုဒ်မ အမျိုးမျိုးဖြင့် အကျဉ်းချခဲ့ သဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ရာတွင် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျသူ ဟုတ်/ မဟုတ် သတ်မှတ်ရန် အခက်အခဲ ရှိနေသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နိုင်/ကျဉ်း စိစစ်ရေးကော်မတီကို သမ္မတက ဖွဲ့စည်းခဲ့သည်။ မတ်လတွင် ထိုကော်မတီကို လူဦးရေထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

သမ္မတက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ၊ သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိမ်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျှက်ရှိပြီး ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက် နိုင်ကျဉ်း ပြန်လည်စောင့်ရှောက်ရေး ကော်မတီ (မြန်မာ) မှ ခေါင်းဆောင်များလည်း ပါဝင်သည်။

Ref: Mizzima

0 comments:

Post a Comment