19.7.13

ဘီယာခွက်ခြင်း တိုက်ပြီး Facebook မှာ Friend ဖြစ်မယ်

ဘီယာခွက်မှာ QR Code နဲ့ BuildIn Chip တွေပါတယ်။ အဲ့ဒီ ခွက်တွေ ခွက်ခြင်းတိုက်လိုက်တာနဲ့ Facebook မှာ Friends မဟုတ်သေးတဲ့သူတွေ Friends ဖြစ်သွားကြမယ်တဲ့။ Brazil က Budweiser ဘီယာက ထွင်လိုက်ပါတယ်။


မိတ်ဆွေဖွဲ့ဖို့ အလျင်မြန်ဆုံး Hi-tech advertising program တစ်ခုပါပဲ။

ပါတီမှာ တွေ့တဲ့ ခပ်မိုက်မိုက်လေးတွေကို Facebook Address တွေ အတင်းလိုက် တောင်းဖို့ မလိုတော့ဘူးပေါ့။ နောက်ပြီး ဘီယာ အသောက်လွန်ပြီး မှောက်သွားလို့ နောက်နေ့ Friend Request မလုပ်မိတာမျိုး မဖြစ်တော့ဘူးပေါ့။

ချက်ခြင်းကို သေချာစေမှာလေ။ ကိုယ် မျက်စိကျနေတဲ့ သူကိုတွေ့လို့ကတော့ ဘီယာခွက်ခြင်းသာ တိုက်လိုက် ကိုယ်နဲ့ သူနဲ့ မိတ်ဆွေ ဖြစ်ပြီးသား၊ ဘယ်လောက် ကောင်းလိုက်သလဲ။

နာမည်ကလည်း Buddy Cup လို့ ခေါ်သတဲ့။ ဘီယာခွက်ခြင်းတိုက်ရင်း Facebook မိတ်ဆွေတွေ ဖြစ်ကြတာပေါ့။

Video ကိုကြည့်ချင်ရင်တော့

http://www.youtube.com/watch?feature=player_embedded&v=eHkWpi33iJE

THA: Stuff Shwe Myanmar
Ref: adweek
Stuff Myanmar Magazine

0 comments:

Post a Comment