19.7.13

ကြီးကြီးကြိုက်သူများအတွက် ဈေးသက်သာ Huawei Ascend Mate

အရွယ်က ၆.၁ လက်မ အရွယ်ကြီး Ascend Mate ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝရီလ ကတည်းက စတင်ဖြန့်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ယခု ရက်ပိုင်းအတွင်း ပဲ ရောက်ရှိတာပါ။


သူ့ဈေးနဲ့ သူ့တန်ဖိုးက တွက်ကြည့်လိုက်ရင် တကယ်ကိုက် ပါတယ်။ မြန်မာကျပ်ငွေနဲ့ တွက်ရင် ၄သိန်း ဝန်းကျင်ပဲ ရှိပါမယ်။ ၅ သိန်းဆို ဒီအချိန်မှာ Samsung ရဲ့  Galaxy Note 2 ရဖို့တောင် မလွယ်သေးပါဘူး။ Huawei ကတော့ ဈေးသက်သက်သာသာနဲ့ Ascend Mate ကို ဈေးကွက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

ကောင်းကွက်ကိုပဲ အရင်ပြောရရင် ဘက်ထရီပါ။ 4050 mAh ဖြစ်ပြီး Talk Time က ၂၂ နာရီ ဖြစ်ပါတယ်။ ဖုန်းကလည်းကြီးတော့ ဘက်ထရီ အားကြီးကြီး အသုံးပြုထားခြင်း ဖြစ်ပါတယ်။ အခြား Feature များအနေနဲ့ ကတော့ Magic Touch, Guiding Wizard, Smart Reading, Easy Panel, One-Hand UI အစရှိသဖြင့် User အတွက် Support လုပ်ပေးထား ပါတယ်။

၆.၁ လက်မ အရွယ် 720p IPS+ LCD capacitive touchscreen ဖြစ်ပြီး ယနေ့ နောက်ဆုံးထွက် 1080P အရည်အသွေးမျက်နှာပြင်ပါ ဖုန်းကိုတော့ မမှီပါဘူး။ ကင်မရာ 8 megapixel ပါ။ ရှေ့  က 1 megapixel ဖြစ်ပါတယ်။

RAM 2GB Run နိုင်ပြီး built in မှာ 8GB memory , ထပ်ဖြည့်လိုက micro SD support ပေးထား၊ processor က Quad-core 1.5 GHz Cortex-A9 ဖြစ်ပါတယ်။ ဒီမှာ အားနည်းချက် တွေ့ပါပြီ။ Huawei ရဲ့  K3V2 chipset ကို အသုံးပြုထားပါတယ်။ Outdated CPU architecture ဆိုပြီး GSM Arena တို့လို ဖုန်းဝဘ်ဆိုဒ်ကြီးများက ဝေဖန်ထားပါတယ်။

ဘယ်အရာမှ Perfect ဆိုတာတော့ မရှိပါဘူး။ Huawei ကတော့ တရုတ်ဖြစ် ဖုန်းဖြစ်ပေမယ့် Ascend စီးရီးရောင်းအားက အနောက်တိုင်းမှာပါ မြင့်တက် နေပါတယ်။ အဓိက ကတော့ ဈေးသက်သာ လို့ပါ။ UI နဲ့ Processing မှာကျ iPhone, Samsung, HTC, Sony တို့လောက် လူကြိုက်မများပါဘူး။ သို့ပေမယ့် ဈေးသက်သက်သာသာနဲ့ High Class ဖုန်း အသုံးပြုနိုင်အောင် Huawei ရဲ့  ထောက်ပံ့မှု တစ်ခုကြောင့် အရောင်းသွက်နေခြင်း ဖြစ်ပါတယ်။

ယခု Ascend Mate ကတော့ အရွယ်ကြီး Phablet ပါ။ ဖုန်းနဲ့ Tablet နှစ်မျိုးလုံး အစား ပေါင်းစပ်ထားတဲ့ Samsung Galaxy Note ဖုန်းတို့လို အရွယ်ကြီး ဖုန်း ဖြစ်ပါတယ်။ စထွက်တုန်းက USD ၅၅၀ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Huawei Ascend Mate ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ပေါက်ဈေးနဲ့ ရောင်းချပေးနေကြောင်း သိရပါတယ်။
.

0 comments:

Post a Comment