19.7.13

မန္တလေးတိုင်းအတွင်း ကမ်းပြိုမှုများအတွက် ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွားမည်

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကမ်းပြိုမှုများကို ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှ င့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) မှ သိရသည်။


၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုများအား ကာကွယ် ထိန်းသိမ်းနိုင်ရန် မန္တလေးတိုင်း ဒေသကြီးအစိုးရ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကာကွယ် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မန္တလေး တိုင်းဒေသကြီး ရေလမ်းနယ်မြေ အတွင်းရှိ ရွာများထဲမှ ရွာကိုးရွာ ဖြစ်သော ဆီသည်၊ ဟင်္သာမ၊ သဖန်းထောင့်၊ ညောင်ပင်သာ၊ ဆားကျူး၊ ဆီမီးခုံ၊ ထီးကုန်း-သာယာဝတီ၊ ယက္ခဒီပနှင့်လင်ကြီး (မြောက်) ရွာများတွင် အခိုင်အမာ ကျောက်စီ မြေထိန်းနံရံများ တည်ဆောက် ပြုလုပ်သွားမည် ဖြစ်ပြီး ယခုအခါ ရေတက်ချိန်ကာလ ကမ်းပါးပြိုမှုများ အတွက်လည်း ယာယီ ကာကွယ်ရေး အစီအစဉ်များ ပြုလုပ်လျက်ရှိသည်။

''ခွင့်ပြုရန်ပုံငွေနဲ့ အရေးကြီးတဲ့ ရွာကိုးရွာကို မြစ်ရေနည်းချိန်ဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အခိုင်အမာ မြေထိန်းနံရံတွေ တည်ဆောက်သွားမှာပါ။ ကမ်းပါးပြိုကျမှု အဖြစ်များတဲ့ ဇွန်၊ ဇူလိုင်လတွေမှာ ယာယီ ကာကွယ်ရေး အစီအစဉ်တွေနဲ့ ကမ်းပါးပြိုကျမှုကို ကာကွယ်နေပါတယ်။ အခု ယာယီကာကွယ်ရေးတွေကို ရွာခြောက်ရွာမှာ ပြုလုပ်နေပြီး ၉၉ ရာခိုင်နှုန်းလောက်ပြီး စီးနေပါပြီ'' ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးမှုဦးစီးဌာန (မန္တလေး) မှ တိုင်းဦးစီးမှူးဖြစ်သူ ဦးဝင်းလှိုင်က ပြောကြားခဲ့သည်။

ကမ်းပါးပြိုမှု ယာယီကာကွယ်ရေး လုပ်ငန်းများတွင် သစ်ခတ်ဖြည့် ၀ါးကရစ်ကွက်များ ပြုလုပ်ခြင်းနှင့် အောက်ခြေရေ တိုက်စားမှု ကာကွယ်ရန် ရေတောင်ဝှေ့ချခြင်း လုပ်ငန်းများကို ဆီသည်ရွာ၊ ဟင်္သာမရွာ၊ သဖန်းထောင့်ရွာ၊ ညောင်ပင်သာရွာ၊ ယက္ခဒီပရွာနှင့် ထီးကုန်း-သာယာဝတီ ရွာများတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Eleven Media Group
ကမ်းပါးပြိုမှုအား ကာကွယ်ရန် ရေကာတန်းများ ပြုလုပ်နေစဉ်

0 comments:

Post a Comment