17.8.16

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၈၀,၀၀၀ ခန့် ဖော်ထုတ်ရန် စီစဉ်ထား

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၈၀,၀၀၀ ခန့်ဖော်ထုတ်သွားဖို့အတွက် မြေနေရာ ရှာဖွေ နေတယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးကျော်လင်းက အစိုးရသစ်ရဲ့ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများသတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈၀၀၀ အတွက် မြေနေရာရရှိထားပြီး ဖြစ်တယ်လို့ ဆက်လက်ပြောပါတယ်။
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖော်ထုတ်ရေးအတွက် နမူနာအိမ်ရာနှစ်လုံးကို နေပြည်တော်မှာစတင်စမ်းသပ်ဆောက်လုပ်နေပြီး ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာများကို နမူနာဆောက်လုပ်မှုရဲ့ စံနှုန်းများအရကျန်ဒေသအသီးသီးမှာ ဆက်လက် ဆောက်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်မှာ ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာ နမူနာ စီမံကိန်းကို
ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှစ်ခန်းတွဲ ငါးထပ် အိမ်ခန်း ၄ဝ ပါ သံကူကွန်ကရစ် (R.C.C) အဆောက် အအုံ တစ်လုံးနဲ့ သံထည်(Steel Structure) အဆောက်အအုံတစ်လုံး၊စုစုပေါင်း အဆောက်အအုံ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို မေ ၂၆ ရက် မှ စတင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအစိုးရစတင်တာဝန်ယူပြီးနောက် ဆောက်လုပ်ဆဲအခန်းပေါင်း ၂၂ဝဝ ကို ယခုလေးလအတွင်း အပြီးတည်ဆောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်နဲ့ အိမ်ရာလိုအပ်လျက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းများနဲ့ ပြည်သူများကိုရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment