17.8.16

ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းရန်နှင့် တရားဝင်၊ တရားမ၀င် ပြည်ပတင်ပို့မှုများ ပိတ်ပင်တားဆီးရန် လုပ်ငန်းရှင် နှစ်သောင်းကျော် လက်မှတ်ရေးထိုးတောင်းဆို


ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းရန်နှင့် တရားဝင်၊ တရားမ၀င် ပြည်ပတင်ပို့မှုများ ပိတ်ပင်တားဆီးရန် လုပ်ငန်းရှင် ၂၀၀၀၀ ကျော် လက်မှတ်ထိုးတောင်းဆိုခဲ့ကြောင်း မန္တလေးကျောက်စိမ်း လုပ်ငန်းရှင်များက မီဒီယာစင်တာတွင် သြဂုတ် ၁၆ ရက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားသည်။
“သြဂုတ် ၁၆ ရက် ရက်စွဲနဲ့ပဲ နိုင်ငံတော်သမ္မတ အပါအ၀င် ဌာနကိုးခုကို စာပို့ထားပါတယ်။ လက်ရှိ ကျောက်စိမ်းတူးဖော်မှုကို ရပ်နားထားဖို့ရယ်၊ တရားဝင်လမ်းကြောင်းရော တရားမ၀င်လမ်းကြောင်းနဲ့ရော တင်ပို့နေတာတွေကို တားဆီးဖို့ ဖြစ်ပါတယ်။ ပြပွဲမှာ စာရင်းပေးထားတဲ့ ကျောက်လော့တွဲတွေဟာ သုံးနှစ်စာလောက် အရောင်းအ၀ယ်လုပ်ဖို့ လုံလောက်နေတာမို့ ကျောက်စိမ်းတူးဖော်ခြင်းကို ရပ်နားထားတာ ပြဿနာမရှိနိုင်ပါဘူး။ လုပ်ငန်းရှင် ၂၀၀၀၀ ကျော် လက်မှတ်နဲ့ တောင်းဆိုခြင်း ဖြစ်ပါတယ်” ဟု ပွင့်ကောင်း ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးသန်းဝင်းက ပြောကြားသည်။

ကျောက်စိမ်းနှင့်ပတ်သက်သည့် ဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲနေသည့် ကာလအတွင်း ကျောက်တူးဖော်နေမှုကို ရပ်နားစေလိုခြင်းဖြစ်ပြီး ဥပဒေသစ်တွင်လည်း တိကျစွာ လိုက်နာ ဆောင်ရွက်စေလိုကြောင်း စသည်တို့ကို ရှင်းလင်းခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်က မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် “ပြည်ပသို့ နိုင်ငံခြား သုံးဖြင့် တည်ဆဲဥပဒေနှင့်အညီ တင်ပို့ရောင်းချခွင့်ရှိသည်” ဆိုသောကြောင့် ကျောက်စိမ်း ကျောက်မျက်များကို တရားဝင်နှင့် တရားမ၀င် လမ်းကြောင်းမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေခြင်းကြောင့် ပြည်တွင်းကျောက်စိမ်းဈေးကွက်သို့ ၀င်ရောက်မှု မရှိတော့ကြောင်း သိရသည်။
Credit To>>> Eleven Media Group

0 comments:

Post a Comment