29.8.16

အိမ်နီးချင်းမြန်မာနိုင်ငံက ငလျင်ကြောင့် ထိုင်းဘက်က ဓါတ်ငွေ့ပိုက် လိုင်းတွေ ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ PTT ပြော


သြဂုတ်လ ၂၄ ရက်က မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ထိုင်းနိုင်ငံဘက်က သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေပါအ၀င် စွမ်းအင်ပေးပို့မှုစနစ်တွေအပေါ် ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ PTT ကုမ္ပဏီက အတည်ပြုပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေနံကုမ္ပဏီဖြစ်တဲ့ PTT က မြန်မာရဲ့အင်အားပြင်းငလျင်ကြောင့် ထိုင်းဘက်က စွမ်းအင်ပေးပို့ဖြန့်ဖြူးရေးစနစ်တွေ ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းတွေကို ပယ်ချသွားပြီး အထက်ပါအ တိုင်းအာမခံ ပြောကြားလိုက်တလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းကနေ ကီလိုမီတာ ၄၀၀ အကွာနေရာကို ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိုင်းနိုငငံရဲ့ စွမ်းအင်ဖြန့်ဖြူးမှုစနစ်တွေအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ခြင်းမရှိကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Autttapol Rerkpiboon က ပြောပါတယ်။

PTT ရဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေဟာ ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျူ့အထိ တုန်ခါမှုဒဏ်ကို ခံနိုင်စွမ်းရှိတယ်လို့ည်း၎င်းက အာမခံပြောကြားသွားပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအနောက်ပိုင်းက သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေနဲ့ ရက်ချာဘူရီ ဒေသအလယ်ပိုင်းက သဘာဝဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံတစ်ရုံဟာ မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံး တည်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Credit To>>> Strategy First Journal 

0 comments:

Post a Comment