29.8.16

ကမ္ဘာ့ကုန်သွယ်မှု ခုနစ်နှစ်တာအတွင်း အနှေးကွေးဆုံးသို့ ရောက်ရှိ

ကမ္ဘာ့ကုန်သွယ်မှုပိုင်းမှာ နှေးကွေးကျဆင်းနေမှုတွေ ဖြစ်ပေါ်နေလျက်ရှိနေပြီးတော့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာလည်း ယင်းတို့ရဲ့ နိုင်ငံရပ်ခြားနဲ့ ကုန်သွယ်လုပ်ငန်းတွေကို ယခုနှစ်ထဲမှာ ချင့်ချိန်လုပ်ဆောင်နေတာတွေရှိနေတယ်လို့သိရပါတယ်။

ယခင်တစ်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာကုန်သွယ်မှုပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ၀ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့တယ်လို့ နယူးယောက်အခြေစိုက် သုတေသန ကုမ္ပဏီ Panjiva ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ယင်းနှုန်းထားဟာလွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း တစ်လတာအနှေးကွေးဆုံးလည်း ဖြစ်လာပါတယ်။
" ကမ္ဘာ့ကုန်သွယ်မှု နှေးကွေးကျဆင်းနေတဲ့ လက္ခဏာရပ်တွေ ကျွန်တော်တို့ရှင်းရှင်းလင်းလင်း တွေ့မြင်ထားရပါတယ်" လို့ နယူးယောက်အခြေစိုက်သုတေသန ကုမ္ပဏီ Panjiva ရဲ့ အကြီးအကဲ Chris Rogers ကပြောပါတယ်။
ဇူလိုင်လကုန်သွယ်မှုအတွက် အမေရိကန်ရဲ့ ထုတ်ပြန်ကြေညာချက်ထွက်ရှိဖို့ တစ်ရက်အလိုမှာပဲ ယခု အချက်အလက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ အမေရိကန်ရဲ့ ပို့ကုန်တင်ပို့မှုဟာ ယခင်တစ်နှစ်ကထက် ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ယင်းရဲ့ ကုန်သွယ်မှုမျှခြေဟာလည်း သုံးလဆက်တိုက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။အလားတူ လက်တင်အမေရိကဒေသရဲ့ ကုန်သွယ်မှုနှေးကွေးနေတာကြောင့်လည်း ယခုလို ကမ္ဘာကုန်သွယ်မှု နှေးကွေးနေတာနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှု၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ချို့မှာလည်း တိုးတက်မှုနှေးကွေးနေမှု၊ ၀ယ်လိုအား နည်းနေမှုတွေက ယခုလို ကုန်သွယ်မှုမှာ ကြုံတွေ့နေရတဲ့ ပြဿနာရပ်တွေဖြစ်တယ်လို့ သိရပါတယ်။
Credit To   >>>SFJ Strategy First Journal 

0 comments:

Post a Comment