29.8.16

အဆင့်မြင့်ကော်ဖီ ကုန်ချောထုတ်စက်များ စက်တင်ဘာတွင် စတင်လည်ပတ်မည်

အရည်အသွေးတန်းမြင့် ကော်ဖီများ ထုတ်လုပ်နိုင်သည့် အဆင့်မြင့်ကော်ဖီကုန်ချောထုတ် စက်များကို Winrock International က အကူအညီပေး၍ တပ်ဆင်နေပြီး စက်တင်ဘာလဆန်း၌ လည်ပတ်နိုင်မည်ဖြစ်ကြောင်း မန္တလေးကော်ဖီအစုအဖွဲ့ ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ ငွေကြေးအထောက်အပံ့ဖြင့် Winrock International က မြန်မာနိုင်ငံတွင် ၂၀၁၄ မှစ၍ အရည်အသွေး တန်းမြင့်ကော်ဖီ ထုတ်လုပ်ရန် နည်းပညာအကူအ ညီများပေးခဲ့သည်။ လက်ရှိတွင် တန်းမြင့် ကော်ဖီများ ထုတ်လုပ် လာနိုင်ပြီး အမေရိကန်နိုင်ငံသို့ ဇွန်လက ပထမဆုံးတင်ပို့ခဲ့သည်။ ထို့ကြောင့် Winrock International က အဆင့်မြင့် ကော်ဖီ ထုတ်လုပ်စက်များ ထပ်မံအကူ အညီပေးခြင်းဖြစ်ကြောင်း မန္တလေး ကော်ဖီအစုအဖွဲ့ကုမ္ပဏီ လီမိ တက် မန်နေဂျင်းဒါရိုက်တာ ဦးရဲ မြင့်က ပြောသည်။
‘‘တန်းမြင့်ကော်ဖီ ထုတ်ဖို့ တော်တော်အရေးပါတဲ့စက်တွေ ပါ။ တန်းမြင့်ကော်ဖီထုတ်တဲ့အ ခါ အနံ့၊ အရသာ ကောင်းရုံတင် မကဘူး။ ကော်ဖီ ဆန်တွေမှာ စက်နဲ့ပတ်သက်တဲ့ ထိခိုက်မှုတွေ မပါရဘူး၊ အနာအဆာတွေမပါ ဘူး။ အမေရိကန်ကို ပို့တုန်းကဆို ရင် ကျောက်ရွေးသလိုကို ရွေးရ တယ်။ ဒီစက်တွေဆိုရင်တော့ တန်းမြင့်ကော်ဖီထုတ်ဖို့ အများ ကြီးအဆင်ပြေသွားမယ်’’ဟု ဦးရဲ မင်းက ပြောကြားသည်။
ယင်းကဲ့သို့ ကော်ဖီအဆင့် မြှင့်ထုတ်လုပ်စက်များမှာ မြန်မာ နိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က အစိုးရအား အကူအညီပေးထား သည့်စက်များသာရှိပြီး ယခုစက် များသည် ပုဂ္ဂလိကက ပထမဆုံး တည်ထောင်နိုင်သည့် စက်များ ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါစက်များကို မန္တလေး ကော်ဖီ အစုအဖွဲ့ ကုမ္ပဏီလီမိ တက်၏ ကော်ဖီစက်ရုံတွင် ထား ရှိမည်ဖြစ်ပြီး ကော်ဖီများကုန်ချော ထုတ်လုပ်ရန် လာရောက်အပ်နှံ သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ် သူများအတွက် စက်အသုံးပြုခမ ယူဘဲ ကုန်ချောထုတ်လုပ်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
‘‘ကျွန်တော်တို့က စက်ခ တော့ မယူပါဘူး။ တခြားလျှပ်စစ် ခတို့၊ အလုပ်သမားခတို့၊ ထိန်း သိမ်းစောင့်ရှောက်ခတို့ကိုပဲ ယူ မယ်။ တခြားလာပြီးလုပ်တဲ့သူ တွေအတွက်ပေါ့။ ခြံရှင်တွေနဲ့ တောင်သူတွေကိုတော့ ဦးစားပေး လုပ်ပေးမယ်’’ဟု ဦးရဲမြင့်က ပြော သည်။
အမေရိကန်မှ ပထမဆုံးဝယ် ယူခဲ့သည့် မြန်မာ့တန်းမြင့်ကော်ဖီ များကို အမေရိကန်နိုင်ငံ ၀ါရှင် တန်မြို့တွင် သြဂုတ် ၂၃ ရက်တွင် အမေရိကန်စားသုံးသူများနှင့်မိတ် ဆက်သည့်ပွဲတစ်ခုပြုလုပ်ရာ စိတ် ၀င်စားမှုများ ရရှိခဲ့ကြောင်း သ တင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment