15.8.16

ရုရှားသမ္မတပူတင်အား ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဂျပန်အစိုးရကြိုးပမ်း

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ဂျပန်နိုင်ငံ ရာမာဂုချိစီရင်စုသို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

အထက်ပါအကြောင်းကို ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ရာမာဂုချိစီရင်စုရှိ ရှီမိုနိုဆီကီမြို့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရက ယခုနှစ်နှောင်းပိုင်းတွင် ရုရှားသမ္မတ ပူတင်အား ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ အလည်အပတ်ခရီးလာရောက်ခဲ့ပါက သမ္မတပူတင်အား ရာမာ ဂုချိစီရင်စုသို့ လာရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်အာဘေးနှင့် သမ္မတပူတင်တို့သည် မေလက ရုရှားနိုင်ငံ ဆူချီမြို့တွင် တွေ့ဆုံကာ အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။
လာမည့်လတွင် စီးပွားရေး ဖိုရမ်နှင့် ဆက်စပ်အစည်း အဝေးများကို ဗလာဒီဗိုစတုတ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment