19.8.16

ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတင်းကျပ်ထား

 ရွှေတိဂုံစေတီတော် လုံ ခြုံရေးအတွက် ယခုရက်ပိုင်းအ တွင်း ယခင်ထက် ပိုမိုတင်းကျပ် စွာ ဆောင်ရွက်ထားပြီး ဘုရားရင် ပြင်တော် နေရာအနှံ့ကို လုံခြုံရေး ကင်မရာများဖြင့် တပ်ဆင်စောင့်ကြည့်နေကြောင်း ရွှေတိဂုံဂေါပ ကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားသည်။ စေတီတော်လုံခြုံရေးအတွက် စေတီတော်တွင် ခန့်အပ် ထားသည့် လုံခြုံရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၂၄ နာရီ အလှည့်ကျ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ များ မြန်မာပြည်ရောက်ရှိနေသည် ဟု သတင်းအချို့ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လူ အများသွားလာသည့် နေရာအချို့ ၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
 ‘‘စေတီတော်ရင်ပြင်က ဘယ်နေရာမဆို လုံခြုံရေးကင်မ ရာတွေနဲ့ ကြည့်လို့ရပါတယ်။ ၀န် ထမ်းတွေအကုန်လုံးအပြင် ရဲတပ် ဖွဲ့ဝင်တွေကိုလည်း ကူညီဆောင် ရွက်ပေးဖို့ ပြောထားပါတယ်။ လုံခြုံရေးဖြစ်တဲ့အတွက် အင်အား ဘယ်လောက်နဲ့ လုပ်ဆောင်နေ တယ်ဆိုတာတော့ ပြောလို့မရပါ ဘူး’’ဟု ဦးသောင်းထိုက်က ပြော ကြားသည်။
‘‘မြို့နယ်အလိုက် စီမံချက် တွေနဲ့ လုံခြုံရေးတွေ လုပ်နေပါ တယ်။ ဒီအတွက်လည်း မှုခင်း တွေ သိသိသာသာ ကျဆင်းပါ တယ်။ ရန်ကုန်မြို့က အရေးကြီး တဲ့ နေရာတွေမှာလည်း လုံခြုံရေး နဲ့ပတ်သက်လို့ အဆင်သင့်ဖြစ် အောင် ရဲဝန်ထမ်းတွေထားတယ်။ အကြမ်းဖက်သမားတွေနဲ့ ပတ် သက်လို့တော့ ဘာသတင်းမှ မ ကြားသေးပါဘူး’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
 အိုင်အက်စ်စစ်သွေးကြွအဖွဲ့များ မြန်မာပြည်ရောက်ရှိနေ သည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ကောလာဟလများ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် အစိုးရသစ် ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အိုင်အက်စ်စစ်သွေးကြွအဖွဲ့ က မလေးရှားအစိုးရထံသို့ ပေးပို့ ခဲ့သည့် ခြိမ်းခြောက်စာတစ်စောင် တွင် မြန်မာအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်စာရင်း၌ ထည့်သွင်းထားသည်။
Credit To>>> 7 Day Daily

0 comments:

Post a Comment