19.8.16

ခွင့်ပြုပုံစံနှင့်ကိုက်ညီမှုမရှိဘဲ အဆောက်အအုံများဆောက်လုပ်နေမှု အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား အရေးယူမည်


အဆောက်အအုံနှင့် ကုန်ရုံဌာနသို့တင်ပြခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်သော အဆောက်အအုံအား ခွင့်ပြုချက်မဲ့အဆောက်အအုံအဖြစ် သတ်မှတ်၍ အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား မန္တလေးမြို့တော်စည်ပင်သာယာ၏ တည်ဆဲဥပဒေ၊နည်းဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း အဆောက်
အအုံများ ဆောက်လုပ်ခွင့်တင်ပြလာခြင်းအား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းတစ်ခုလုံးအား တစ်နှစ်သက် တမ်းဖြင့် ခွင့်ပြုမိန့် ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ခွင့်ပြုမိန့်ထုတ်ပေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆောက်အအုံ 
များအား ခွင့်ပြုအတိုင်းအတာထက် ကျော်လွန်၍ ဆောက်လုပ်ခြင်း၊ ခွင့်ပြုပုံစံနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ်နေခြင်းများကို စစ် ဆေးတွေ့ရှိရသည်။ စည်းကမ်းမဲ့ ဆောက်လုပ်ခြင်းများအား စစ်ဆေးတွေ့ရှိ၍ လုပ်ငန်းများရပ်ဆိုင်းစေခြင်း၊ ခွင့်ပြုပုံစံနှင့်အညီ ပြင်ဆင်ဆောက်လုပ်စေခြင်းများ ညွှန်ကြားထားသော်လည်း လိုက်နာမှုအားနည်းခြင်း၊ အဆောက်အအုံအား ရပ်ဆိုင်းမှုမရှိဘဲ ပြီးဆုံးသည်အထိ ဆက်လက်ဆောက်လုပ်ခြင်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများ အရ အရေးယူဆောင်ရွက်လျက်ရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ် နိမိတ်အတွင်း ဆောက်လုပ်ခွင့်တင်ပြသော အဆောက်အအုံများ ခွင့်ပြုပုံစံနှင့်အညီဆောက်လုပ်ရေး၊ အိမ်ရှင်နှင့် လိုင်စင်ရ အင်ဂျင်နီယာလိုက်နာမှုရှိစေရေးအတွက် မြေကြီးလုပ်ငန်းမှ Plinth Level အထိ လုပ်ငန်းဆောင်ရွက်ပြီးချိန်တွင်အိမ်ရှင်နှင့် လိုင်စင်ရအင်ဂျင်နီယာများ မြို့တော်စည်ပင်သို့ Log Book နှင့်အတူ ဆက်သွယ်တင်ပြပြီးအဆောက်အအုံနှင့် ကုန်ရုံဌာနမှစစ်ဆေး၍ သတ်မှတ်ခွင့်ပြုပုံစံနှင့် တည်ဆောက်ထားမှသာ အပေါ်ပိုင်းတည်ဆောက်ခြင်း ခွင့်ပြုမည်ဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment