18.8.16

နယ်စပ်လမ်းကြောင်း ၁၂ ခုတွင် တရားမ၀င် ကုန်စည်စစ်ဆေးရေး စခန်းများ ဖွင့်လှစ်ရန် စီစဉ်

တရားမ၀င်ကုန် စည်စီးဆင်းမှုတားဆီးရေး တိုင်း ဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိ လမ်း ကြောင်း ၁၂ခုတွင် စစ်ဆေးရေးစခန်းများဖွင့်လှစ်ရန် စီစဉ်နေကြောင်း
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဒေါက်တာ သန်းမြင့်က သြဂုတ် ၁၇ ရက်၌ ပြုလုပ်သောအမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ကချင်ပြည်နယ်အတွင်းစစ် ဆေးရေးစခန်းများကို ပန်ဝါ-ချီဗွေ-မြစ်ကြီးနားလမ်းကြောင်း၊ ကန်ပိုက်တီး-၀ိုင်းမော်-မြစ်ကြီး နားလမ်းကြောင်း၊ လိုင်ဇာ-မိုးမောက်-မြစ်ကြီးနားလမ်းကြောင်း၊ လွယ်ဂျယ်/လိုင်ဇာ - ဗန်းမော်လမ်းကြောင်း၊ လိုင်ဇာ-ဆင်ဘို- ဟိုပင်/မိုးညှင်း-ဖားကန့်လမ်းကြောင်း၊ မြစ်ကြီးနား-ရွှေဘို-မန္တလေးလမ်းကြောင်းများတွင် ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။‘‘သက်ဆိုင်ရာဝန်ကြီးဌာန များက ပူးပေါင်းဆောင်ရွက်သွား ရန် နိုင်ငံတော်သမ္မတရုံးက လမ်း ညွှန်ထားပြီးဖြစ်ပါတယ်’’ဟု ၀န် ကြီးကပြောသည်။
 ရှမ်းပြည်နယ်အတွင်း မူ ဆယ်-မန္တလေး လမ်းကြောင်း၊ မိုင်းလား-တာချီလိတ်-ကျိုင်းတုံ -တောင်ကြီး-ရန်ကုန်လမ်း ကြောင်းများတွင် တရားမ၀င်ကုန် စည်စီးဆင်းမှု တားဆီးရေး လုပ် ငန်းစီမံချက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းဝန်ကြီးက ပြောသည်။ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတွင်လည်း မြ၀တီ- ဘားအံလမ်းကြောင်းနှင့် ဘားအံ -ရန်ကုန် လမ်းကြောင်းများကို လုပ်ငန်းစီမံချက် စီစဉ်လျက်ရှိ ကြောင်း ၎င်းကပြောသည်။
  စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူး-မုံရွာ-မန္တလေးလမ်း ကြောင်းကိုလည်းကောင်း၊ တန င်္သာရီတိုင်းဒေသကြီးတွင် ကော့ သောင်း-မြိတ်-ထားဝယ်-ရန် ကုန်လမ်းကြောင်းများတွင်လည်း ကောင်း ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်  အမှတ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦး ထွန်းထွန်းဦး၏ Mobile Team ဖျက်သိမ်းပြီးနောက်ပိုင်းတွင်နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှ တရားမ၀င်သွင်းကုန်များပို မိုတင်သွင်းလာပြီး ပြည်တွင်းမှအ ဖိုးတန်ပို့ကုန်များပိုမိုပို့ဆောင်နေ ကြခြင်းကို တားဆီးအရေးယူရန် စီမံထားခြင်းရှိ၊မရှိမေးခွန်းအားဝန် ကြီးကလာရောက်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၂နှစ်ကုန်တွင် ဖွဲ့စည်း ခဲ့သော Mobile Team သည် သုံးနှစ်ကျော်အတွင်း အမှုပေါင်း ၈၅၂၉မှု ဖမ်းဆီးနိုင်ခဲ့ပြီး ခန့်မှန်း တန်ဖိုးကျပ်သန်းပေါင်း ၅၂,၉၃၆ အရေးယူနိုင်ခဲ့သည်။ သို့သော် ၂၀၁၅ နှစ်ကုန်တွင် Mobile Teamလုပ်ငန်းကိုသမ္မတရုံးက ရပ်ဆိုင်းခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment