16.8.16

မန္တလေးကျောက်စိမ်းဈေးကွက်တွင် အထက်ပိုင်းကျောက်များ အရောင်း အ၀ယ်အေးစက်၊ ခါးပိုင်းနှင့်အောက်ပိုင်းကျောက်များ သိသာစွာ အ၀ယ်လိုက်

တရုတ်နိုင်ငံ ဘက်တွင် ရေကြီးရေလျှံမှုများဖြစ် ပွားနေသောကြောင့် မန္တလေးမြို့၏ အဓိကကျောက်စိမ်းဈေး ကွက်ဖြစ် သော မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်း အတွင်း ဈေးမြင့်သည့် အထက်ပိုင်းကျောက် များ အရောင်းအ၀ယ်အေး စက်နေပြီး ခါးပိုင်းနှင့်အောက်ပိုင်းကျောက်များ မှာ သိသာစွာအ၀ယ်လိုက် လာကြောင်း ကျောက်စိမ်း ကုန်သည်များနှင့်ပွဲစား များထံမှ သိရသည်။
စခန်းအတွင်းဖွင့်လှစ်ထားသော လွှာချပ်ဝိုင်း၊ အပွင့်ဝိုင်း၊ လက်ကောက် ၀ိုင်း၊ ဂွင်ဝိုင်း၊ ပျံကျမီးထိုးဝိုင်းနှင့် မိုး ကုတ်နီပြာဝိုင်း တို့အားလုံးတွင် ယခုရက် ပိုင်း ရောင်းသူဝယ်သူများဖြင့် စည် ကားမှုရှိသော်လည်း တရုတ်ဝယ်လက် အနည်းငယ်သာရှိကြောင်း၊ လက်ရှိ အချိန်၌ ဈေးကွက်အတွင်း လက် ကောက်ပြု လုပ်နိုင်သော ကျောက်စိမ်း အတုံးကောင်းများရှား ပါးနေသော ကြောင့် လွှာချပ်ကိုပင်ဖြတ်တောက် ၍မရနိုင်လောက်အောင် ရှားပါးသည့် အနေအထားရှိနေပြီး ကျောက်စိမ်း နှင့်ဆက်စပ်နေ သည့် ဖြတ် ခုံ၊ ဖောက်ခုံ၊ သွေးခုံတို့တွင်လည်း အပ်ထည်အနည်း ငယ်ကိုသာ လုပ်ကိုင်နေ ရကြောင်း မ ဟာအောင်မြေကျောက် မျက်ရတနာ ရောင်းဝယ်ရေး စခန်းမှ ၀ါရင့်ကျောက် စိမ်းကုန်သည်တစ်ဦးကပြောသည်။
" အရင်က ငွေကျပ်သိန်း ၁၀၀ လောက်နဲ့ခေါ်ဈေးရှိတဲ့အပွင့်ကို ငွေ ကျပ်သိန်း ၃၀ လောက်ပဲ ဈေးပေးတာ ကြောင့် အရောင်းအ၀ယ်ဖြစ်မှုနည်း ပါးပါတယ်။ ဂွင်ဝိုင်းမှာတော့ ကျောက် ကရှားနေတာကြောင့် ရွေးကျကျောက် တွေထဲက မှ ကောင်းမယ်ထင်တဲ့ဟာ တွေကို ရွေးချယ်နေကြတာကြောင့် ခါးပိုင်း နဲ့ အောက်ပိုင်းကျောက်တွေ အ၀ယ်လိုက် လာတာ ဖြစ်ပါတယ်။" ဟု ၎င်း က ဆက် လက်ရှင်းပြသည်။
မန္တလေးကျောက်စိမ်းဈေးကွက် မှာ မိုးရာသီပြီးမှသာ အရောင်းအ ၀ယ်ပိုမို သွက်လက်လာမည်ဟု ခန့်မှန်း ရပြီး မြန်မာနိုင်ငံဒေသတချို့တွင် လတ် တလောဖြစ်ပေါ် လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် လည်း ဈေးကွက် ပိုမိုအေးစက်ရခြင်းဖြစ် ကြောင်းသိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment