16.8.16

■မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟို လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း■


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၉/၂၀၁၆
၁၃၇၈ ခုနှစ်၊ ၀ါခေါင်လဆန်း ၉ ရက်
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟို လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သည့် မူဘောင်အတွင်းမှ အထူး စီးပွားရေးဇုန်များ တည်ထောင်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့ တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
(၁) ဗဟိုအဖွဲ့
(က) ဒုတိယသမ္မတ (၂) ဥက္ကဋ္ဌ

(ခ) ပြည်ထောင်စုဝန်ကြီး - ဒုတိယဥက္ကဋ္ဌ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

(ဂ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
ပြည်ထဲရေးဝန်ကြီးဌာန

(ဃ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

(င) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(စ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန

(ဆ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(ဇ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန

(ဈ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
စက်မှုဝန်ကြီးဌာန

(ည) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(ဋ) ပြည်ထောင်စုဝန်ကြီး - အဖွဲ့ဝင်
ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဌ) ပြည်ထောင်စုရှေ့နေချုပ် - အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး

(ဍ) သက်ဆိုင်ရာဝန်ကြီးချုပ် - အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့

(ဎ) ပြည်ထောင်စုဝန်ကြီး - အတွင်းရေးမှူး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ဏ) အမြဲတမ်းအတွင်းဝန် - တွဲဖက်အတွင်းရေးမှူး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန

မှတ်ချက်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာ ၀န်ကြီးများအား လိုအပ်ပါက မြန်မာ အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့အစည်းများသို့ တက်ရောက်ရေး ဖိတ်ကြား ဆောင်ရွက်ရန်။

၂။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါတိုင်း ဖြစ်သည်-

(က) ဗဟိုအဖွဲ့သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လိုက်နာခြင်း။

(ခ) အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းအတွက် အဆိုပြုချက်၊ သင့်လျော်သည့် နေရာ၊ လိုအပ်သည့် နယ်မြေ ဧရိယာ၊ အကျယ်အ၀န်းနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်ချက်တို့ကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ သဘောထား ရယူ စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း။

(ဂ) ဗဟို လုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပြီး စီမံကိန်းနှင့် အစီအစဉ်များ ချမှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ဆက်သွယ် ညှိနှိုင်းပေးခြင်း။

(ဃ) အထူးစီးပွားရေးဇုန်အလိုက် လုပ်ကိုင်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ သတ်မှတ်ခြင်းနှင့် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြီးစား၊ အလတ်စားနှင့် အသေးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း။

(င) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အထူးစီးပွားရေး ဇုန် အတွင်း သုံးစွဲရမည့် ငွေကြေးအမျိုးအစားသတ်မှတ်ခြင်း၊ အခွန်အခများ၊ မြေငှားရမ်းခနှင့် မြေအသုံးပြုခများကို ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ပေးခြင်း။

(စ) အထူးစီးပွားရေးဇုန်တွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး စသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ တာဝန်သတ်မှတ်ပေးခြင်းနှင့် ကွပ်ကဲခြင်း။

(၃) ဗဟိုလုပ်ငန်းအဖွဲ့

(က) ပြည်ထောင်စုဝန်ကြီး - ဥက္ကဌ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ခ) ဒုတိယဝန်ကြီး - ဒုတိယ ဥက္ကဌ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(ဂ) ဒုတိယဝန်ကြီး - အဖွဲ့ဝင်
ပြည်ထဲရေးဝန်ကြီးဌာန

(ဃ) ဒုတိယဝန်ကြီး - အဖွဲ့ဝင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(င) ဒုတိယရှေ့နေချုပ် - အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး

(စ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ဆ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန

(ဇ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(ဈ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

(ည) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
စက်မှုဝန်ကြီးဌာန

(ဋ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ဌ) အမြဲတမ်းအတွင်းဝန် - အဖွဲ့ဝင်
ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဍ) ညွှန်ကြားရေးမှူးချုပ် - အဖွဲ့ဝင်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(ဎ) ညွှန်ကြားရေးမှူးချုပ် - အတွင်းရေးမှူး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ဏ) ညွှန်ကြားရေးမှူးချုပ် - တွဲဖက်အတွင်းရေးမှူး
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

မှတ်ချက်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးများအား လိုအပ်ပါက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းများသို့ တက်ရောက်ရေး ဖိတ်ကြား ဆောင်ရွက်ရန်။

(၄) မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ဗဟိုလုပ်ငန်းအဖွဲ့သည် စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက တင်ပြသည့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အဆိုပြုချက်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆိုပြုချက်များ၊ အထူးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စိစစ်ခြင်းနှင့် ဗဟိုအဖွဲ့သို့ တင်ပြခြင်း။

(ခ) အထူးစီးပွားရေးဇုန်တွင် ဇုန်အမျိုးအစား၊ ဦးစားပေးလုပ်ငန်းများ၊ ဇုန်အလိုက် အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ငန်းအမျိုးအစားများ သတ်မှတ်နိုင်ရေးအတွက် စိစစ်၍ ဗဟိုအဖွဲ့သို့ တင်ပြပြီး သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း။

(ဂ) နိုင်ငံတကာမှ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အခြား ဆောင်ရွက် သင့်သည့် အထူးစီးပွားရေးဇုန်များနှင့် နေရာဒေသတို့ကို လေ့လာ၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း။

(ဃ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေဆိုင်ရာများနှင့် အခြားကိစ္စရပ်များကို စိစစ်၍ အကြံပြု တင်ပြခြင်း။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
Credit To >>> Myanmar President Office

0 comments:

Post a Comment