26.8.16

Miss Golden Land Myanmar 2016 ပြိုင်ပွဲကို သြဂုတ်လ(၂၅)ရက်က ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပ





Miss Golden Land Myanmar 2016 ပြိုင်ပွဲကို သြဂုတ်လ(၂၅)ရက်က ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အလှမယ်များမှ နောက်ဆုံးအဆင့်အနေဖြင့် ရေကူးဝတ်စုံများ၊ ညနေခင်းဝတ်စုံများဖြင့် လှပစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတလျောက်လုံးအတွက် ဆုများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင်ပါ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် ဆုကြီးခြောက်ဆုပါဝင်ရာ Miss Earth Myanmar 2016 ကို ကရင်ပြည်နယ်မှ နန်းခိုင်ရွှေဝါ၀င်း၊ Miss Supranational Myanmar 2016 ကို နေပြည်တော်မှ ရွှေဇင်ထက်၊Miss Intercontinental Myanmar 2016 ကို မကွေးတိုင်းမှ နီနီနိုင်ဝင်း၊ Face of Beauty Myanmar 2016 တနင်္သာရီတိုင်းမှ ခြူးသိမ့်မြတ်နိုး၊ Miss Tourism Myanmar 2016 ကို ရှမ်းပြည်တောင်ပိုင်းမှ ခက်ခက်ဇာ၊ Miss Globe Myanmar 2016 ရန်ကုန်မြောက်ပိုင်းခရိုင်မှ မြတ်အိနြေ္ဒထက်၊ First Runner Up ကို ကယားပြည်နယ်မှ ပိုးဝသုန်ကျော်နှင့် Second Runner Up ကို ချင်းပြည်နယ်မှ အိမ့်ပြည့်ကျော်တို့မှ ဆွတ်ခူးရရှိသွားခဲ့သည်။

Credit To>>> 7 Day Daily

0 comments:

Post a Comment