26.8.16

နိုင်ငံသားစီစစ်ရေးကဒ်တွေကို အီလက်ထရောနစ်ကဒ်စနစ်ကူးပြောင်းဖို့ရှိနေပြီး အဆိုပါလုပ်ငန်းအတွက် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၅ ခုက အဆိုပြုလျှောက်လွှာတင်ထား

နိုင်ငံသားစီစစ်ရေးကဒ်တွေကို အီလက်ထရောနစ်ကဒ်စနစ်ကူးပြောင်းဖို့ရှိနေပြီး အဆိုပါလုပ်ငန်းအတွက် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၅ ခုက အဆိုပြုလျှောက်လွှာတင်ထားတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိ သူတွေက ပြောဆိုပါတယ်။

နိုင်ငံတကာနည်းတူ ခေတ်မီအီလက်ထရောက်နစ်စနစ်ကူးပြောင်းဖို့ နည်းပညာလိုအပ်ချက်နဲ့ စက်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိ နေပြီး ယင်းစနစ်လုပ်ဆောင်ဖို့ ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီတွေကို တင်ဒါခေါ်ယူသွားမယ်
လို့လည်း သိရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးစီစစ်ကဒ်များကိုင်ဆောင်နိုင်ရေး လုပ်ဆောင်လျက်ရှိသလို ကဒ်တွေကိုလည်း နိုင်ငံ တကာအဆင့်မီ အီလက်ထရောနစ်ကဒ်တွေအဖြစ် ကူးပြောင်းနိုင်ရေးကိုလည်း စီစဉ်လျက်ရှိပါတယ်။လက်ရှိစက္ကူကဒ်တစ်ခုရဲ့ ကုန်ကျစရိတ်မှာ ၆ ကျပ်ဝန်းကျင်သာရှိပေမယ့် အီလက်ထရောနစ်ကဒ်ထုတ်ပေးပါက ၀န်ကြီးဌာနအနေနဲ့ ကုန်ကျစရိတ်ပိုမိုကြီး မားလာနိုင်ပါတယ်။
အဆိုပါစနစ်မှာ ကဒ်ကိုင်ဆောင်သူရဲ့ ကိုယ်ရဲအကျဉ်းနဲ့ လုံခြုံရေးစနစ်တွေပါဝင်မှာဖြစ်ပြီး ၀န်ကြီးဌာနတွေနဲ့ ချိပ်ဆက်လုပ်ဆောင် တာတွေမှာလည်းပိုမိုမြန်ဆန်တဲ့ဝန်ဆောင်မှုတွေပေးဖို့ အထောက်အကူပြုနိုင်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ စက္ကူကဒ်သုံးစွဲမှုက တစ်ကမ္ဘာ့လုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံသာရှိပါတယ်။ ယင်းစနစ်လက် တွေကျင့်သုံးချိန်မှာလည်းအများပြည်သူကို အသိပေးမှုလုပ်ငန်းတွေကိုလည်း တစ်ပြိုင်နက်တည်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယင်းဝန်ကြီးဌာနမှ သိရပါတယ်။

Credit To>>>SFJ Strategy First Journal 

0 comments:

Post a Comment