26.8.16

ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်များအား တူရကီတင့်ကားများ ဝင်ရောက်တိုက်ခိုက်


တူရကီတပ်မတော်မှ တင့်ကားတပ်ဖွဲ့များသည် သြဂုတ် ၂၄ ရက် နံနက်အစောပိုင်းက ဆီးရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ကာ တူရကီနှင့် ဆီးရီးယားနယ်စပ်အနီးရှိ အစ္စလာမ္မစ်နိုင်ငံအဖွဲ့(အိုင်အက်စ်)တို့အား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်း၌ ဖော်ပြသည်။
တူရကီတပ်ဖွဲ့များသည် ဆီးရီးယားအစိုးရအား ဆန့်ကျင်နေသည့် အလယ်အလတ်သဘောထားရှိသည့် အုပ်စုများနှင့် မဟာမိတ်ဖွဲ့ကာ ဆီရီးယားနိုင်ငံမြောက်ပိုင်း ဂျာရာဘလတ်ရှိ အိုင်အက်စ်များနှင့် အခြားအကြမ်းဖက် အဖွဲ့အစည်းများအား တိုက်ခိုက်သွားမည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီး အက်ဖ်ကန် အလာက ဒေသတွင်း မီဒီယာသို့ ပြောကြားသည်။

ယူဖရေးတီးစ် ဒိုင်းဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးကို တူရကီအား အိုင်အက်စ်တို့ ခြိမ်းခြောက်မှုမှ ရှင်းလင်းသွားနိုင်သည့်အချိန်ထိ ဆင်နွှဲသွားမည်ဟု တူရကီပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

တူရကီသည် သြဂုတ် ၂၄ ရက်တွင် ဂျာရာဘလတ်ရှိ အိုင်အက်စ်ပစ်မှတ်များအား လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အိုက်အက်စ် ပစ်မှတ် ၁၂ ခုတို့ ထိမှန်ခဲ့ကြောင်း သတင်းများ၌ ဖော်ပြသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment