25.8.16

မော်တော်ယာဉ်အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေးမှု အခြေအနေ

အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ သည့် ၂၅-၁ဝ-၂ဝ၁၁ ရက်နေ့မှ ၂၄-၈-၂ဝ၁၆ ရက်အထိ
၅၈ လတာကာလအတွင်း အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ ၅၆၂၇၁၂ စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် CD ၈ဝဝ၉၈၉ ဒသမ ၃၅ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် CT ၆၇၃၇၇၆ ဒသမ ၅၉ ကျပ်သန်းနှင့် အထူးကုန်စည်ခွန် SGT၁၇၈၉ဝ ဒသမ ၅ဝ ကျပ်သန်း စုစုပေါင်း ၁၄၉၂၆၅၆ ဒသမ ၄၄ ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။
အဆိုပါ အကောက်ခွန် CD ၊ကုန်သွယ်လုပ်ငန်းခွန် CT များနှင့် အထူးကုန်စည်ခွန် SGT စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၁၄ဝ၁၄၆ စီး၊ ကားအရောင်းပြခန်းများအတွက် ၁၂၆၆၈၆ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် အစီး ၇၃ဝ၊ ပြည်ပနေ အလုပ်လုပ်ကိုင်သူများပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃စီး၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပါမစ်ဖြင့်တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁ဝ၈ စီးနှင့် လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၈၉၈၉၈ စီးတို့ဖြစ်ကြောင်း သိရသည်။

Credit To>>> The Mirror Daily

0 comments:

Post a Comment