31.8.16

eVisa နဲ့ ပြည်ပခရီးသွားများကို တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်း နယ်စပ်ဂိတ်များကနေ ၀င်ခွင့်ပြုမယ်


Online ကနေ Visa လျှောက်ထားရတဲ့ eVisa စနစ်နဲ့ ပြည်ပခရီးသွားများကို တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်းနယ်စပ်ဂိတ်များကနေ ၀င်ခွင့်ပြုမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအား ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ဂိတ်များဖြစ်တဲ့ တာချီလိတ်၊ မြ၀တီနဲ့ကော့သောင်းတို့ရှိ လူဝင်မှုစစ်ဆေးရေး ဂိတ်များ ကနေeVisa ကို စက်တင်ဘာ ၁ ရက်က စတင်ခွင့်ပြုမှာ ဖြစ်ပါတယ်။Tourist Visa နဲ့ Business Visa တို့ကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအား ၀န်ကြီးဌာနက နိုင်ငံပေါင်း ၁၀၀ က ကမ္ဘာလှည့်ခရီးသွားများအတွက်eVisa စနစ်နဲ့ Tourist Visa ကို ၂၀၁၄ ၊ စက်တင်ဘာ ၁ ရက်မှာစတင်ခွင့်ပြုခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မန္တလေးနဲ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ဆက်လက်ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၁၅ နှစ်ထဲမှာ စီးပွားရေးလုပ်ငန်းရှင်များအတွက်နိုင်ငံပေါင်း ၅၁ နိုင်ငံကို eVisa စနစ်နဲ့ Business Visaကို စတင် ခွင့်ပြုပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊နေပြည်တော်လေဆိပ်များမှာ ခွင့်ပြုပေးခဲ့ပါတယ်။

ယခုအခါ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေများအရ ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက်မြန်မာ-ထိုင်း နယ်စပ် ဂိတ် ၃ ခုမှာ eVisa စနစ်နဲ့ ၀င်ရောက်နိုင်ရေးအတွက် ထပ်မံခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

Credit  To >>> SFJ Strategy First Journal 

0 comments:

Post a Comment