13.12.13

ကိုယ့်ဘက်က အလုပ်ကို ကြိုးစားပြီး တန်းဖိုးထားလို့ ပရိသတ်က တန်ဖိုးထားတာပါ ခိုင်သင်းကြည်


ကိုယ့်ရဲ့အလုပ်ပေါ်မှာ စိတ်ပါ ဝင်စားမှု၊ ကံ၊ ဥာဏ်၊ ဝီရိယနဲ့ ပရိ သတ်က ချစ်တဲ့ စန်းလေးရယ်ပေါင်း ပြီးတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ် က လက်ခံနေတယ်လို့ ထင်ပါတယ် ဆိုတဲ့ခိုင်သင်းကြည်က "အစ်မ လတ် တလောမှာ ဒါရိုက်တာစိုးကျော်ဆန်း ရိုက်ကူးတဲ့ “အချစ်ကပေးတဲ့ဆု” ဗီ ဒီယို ဇာတ်ကားမှာ နေမင်း၊ ကိုရန် လေးတို့နဲ့အတူ သရုပ်ဆောင်ထား တယ်။
လက်ရှိမှာတော့ အစ်မက ကိုယ့်ကို လာပေးတဲ့
ကာရိုက်တာ တွေကိုတော့ အမိအရအကောင်းဆုံး ဖြစ်အောင်ကြိုးစားတယ်။ သရုပ် ဆောင်ဆိုတာကလည်း ကိုယ့်က အသွက်နဲ့ အမြူးပဲလိုက်တယ်ဆိုပေ မယ့်ဒရာမာလည်း ရိုက်ချင်ပါတယ်။ ဘယ်ကာရိုက်တာပဲဖြစ်ဖြစ် မလုပ် ချင်တာမရှိပါဘူး။ ကိုယ်နဲ့မလိုက်မှန်း သိပေမယ့်လည်း အိုက်တင်လုပ်ရ တယ်ဆိုတဲ့ အနေအထားလေးတစ် ခုအနေနဲ့လုပ်ချင်တာပဲ။
ပြီးတော့ အစ်မကို ရုပ်ရှင်ကားကြီးတွေမှာ သိပ်မတွေ့ရဘူးဆိုတာ ရုပ်ရှင်ကား ကြီးတွေက အခုအချိန်မှာ နည်းနေ ပြီလေ။ အရင်တုန်းကတော့ အများ ကြီးရိုက်ခဲ့ပါတယ်။ နောက်ပြီး လာ ပေးတဲ့ကာရိုက်တာပေါ်မှာလည်း ကိုယ်ကစဉ်းစားရသေးတယ်။ တစ် ခါတလေကျတော့လည်း ကာရိုက် တာတစ်ခုအနေနဲ့က ကိုယ်ရပိုင်ခွင့် ရှိမှပဲလုပ်ချင်တယ်။ အဲဒီလိုမျိုး စဉ်း စားရတဲ့ အပိုင်းလေးတွေရှိလာတဲ့ အခါကျတော့ အရင်ကလောက် တော့ ကားကြီးတွေကမများတော့ ဘူး။
မခိုင်လေးကိုကြည့်လိုက်ရင် အမြဲတမ်းဖျတ်လတ်တက်ကြွနေတဲ့ အပေါ် စိတ်ကိုဘယ်လိုထားလဲဆို တော့ အစ်မကအပြင်မှာလည်း ပုံမှန် ဒီလိုပဲနေတတ်တယ်။ ဒီအလုပ်က လည်း ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့ အတွက် ဖျတ်လတ်တက်ကြွနေတာ ပါ။ အိုက်တင်လုပ်လို့ရှိရင်လည်း အ ရမ်းကြီး အိုက်တင်လုပ်ရတဲ့အခါ တင်းနေတဲ့စိတ်တွေက Relax ဖြစ် တော့ ကြည့်လို့လည်းပိုပြီးအဆင် ပြေတယ်။ သဘာဝလည်းပိုကျတယ် ဆိုတော့ အဲဒါလေးကို နှစ်သက်ပါ တယ်။
ပြီးတော့ အနုပညာ သမား တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ အတွက်ရော၊ အောင်မြင်ပြီးသား ရပ်တည်မှုကိုပါ ထိန်းသိမ်းရတာ နှစ် ခုစလုံးကခက်ခဲပါတယ်။ အောင်မြင် တယ်ဆိုတာ ကလည်း ခက်ခဲတာပဲ လေ။ လူအများကြီး လုပ်နေပေမယ့် အဲဒီအများကြီး ထဲမှ နည်းနည်းလေး ပဲအောင်မြင်ကြတာပါ။ အဲဒါက လည်း သူတို့ရဲ့ ကံ၊ ဥာဏ်၊ ဝီရိယနဲ့ ကြိုးစားအား ထုတ်မှုတွေ အများကြီး ပါတဲ့ အတွက်ပါ။ အစ်မတို့ ရေရှည် တည်တံ့အောင်မြင်တယ် ဆိုတာက လည်း ကိုယ့်ဘက်က အလုပ်ကိုကြိုး စားပြီးတန်ဖိုးထားလို့ ပရိသတ်က လည်း ကိုယ့်ကိုပြန်ပြီးတော့ တန်ဖိုး ထားတာပါ။ အဲဒီအတွက် နှစ်ခုစလုံး က ထိန်းသိမ်းရတာ ခက်ခဲပါတယ်။

ရိုးရာလေး

0 comments:

Post a Comment