13.12.13

အိုဘားမားတို့ နယ်ဆင်မန်ဒလဲလား အသုဘမှာ Selfie အလှဓာတ်ပုံရိုက်ကြ

ပုံမှာ မြင်တွေ့ရသလိုပါပဲ။ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မန်ဒဲလား ရဲ့  အသုဘမှာ Selfie ဓာတ်ပုံ ရိုက်နေကြတဲ့ အိုဘားမားတို့ကို ယခုလို မြင်တွေ့ ရပါတယ်။ 

အမေရိကန် သမ္မတ အိုဘားမား နဲ့ အတူ ဗြိတိန်နဲ့ ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် ၂ ဦးတွဲလျက်ပါရှိနေမှုကို ယခုလို မြင်တွေ့ ရပါတယ်။ ယင်းဓာတ်ပုံကို အမိအရ ရိုက်ကူးလိုက်သူကတော့ AFP သတင်းဌာနမှ သတင်းထောက် တစ်ဦး ဖြစ်ပြီး အင်တာနက်ပေါ် ရောက်ရှိချိန်မှာတော့ ပြောစရာ၊ ဟာသ လုပ်စရာ ဖြစ်လို့သွားပါတယ်။ အိုဘားမား ရဲ့  အမျိုးသမီး မီရှယ်အိုဘားမား မျက်နှာထားဟာလည်း ထူးခြားလို့နေပါတယ်။


မန်ဒဲလား အသုဘ မှာ တွေ့ရတဲ့ အလွဲလေး တစ်ခုက အင်တနက်ပေါ် မှာ ပြန့်နှံ့သွားတာ နာရီပိုင်း အတွင်းပါပဲ။ အိုဘားမားအနေနဲ့ ယင်းဓာတ်ပုံနဲ့ ပက်သက်လို့ ဘာမှ ပြောဆိုခြင်း မရှိသေးကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment