3.4.13

မြန်မာမှ အာဆီယံအကောင်းဆုံးဆုအချို့ရရှိရန် ရေပန်းစားနေ

အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ပထမဦးဆုံး အကြိမ်အဖြစ် ချီးမြှင့်မည့်  အာဆီယံအကောင်းဆုံး ဆုများ ပေးအပ်ပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံမှ အကောင်းဆုံးဆုအချို့ ရရှိရန် ရေပန်းစားနေကြောင်း သိရ သည်။ အဆိုပါ အာဆီယံ အကောင်းဆုံးဆု များ ပေးအပ် ချီးမြှင့်ပွဲအခမ်းအနားကို လာမည့် ဧပြီ ၃ ရက် မလေး ရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးဆု ၁၈ ဆုအထိ ချီးမြှင့်မည်ဟု သိရသည်။ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်သည် တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိရန် ထိုင်း၊ ဗီယက်နမ်တို့နှင့် အတူ ရေပန်းစားနေပြီး မြန်မာ့ လက်ရွေးစင်အသင်းနည်းပြ ကူမာဒါသည်လည်း တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး အသင်းနည်းပြဆု ရရှိရန် ဆန်ခါတင်စာရင်းထဲ တွင် ရွေးချယ်ခံ ထားရကြောင်း သိရသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် အသင်းတိုက်စစ်မှူး၊ ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှူး ကြည်လင်းမှာ လည်း အာဆီယံအကောင်းဆုံးအသင်း လူစာရင်းတွင် ပါဝင်နိုင်ကြောင်း ရေပန်း စားနေသည်။ အလားတူ မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမား ပြည့်ဖြိုးမောင်မှာလည်း အာဆီယံအကောင်းဆုံး ဖူဆယ်အသင်း လူစာရင်းတွင် ရွေးချယ်ခံရနိုင်ရန် ရေပန်းစားနေသည်။ ဧပြီ ၃ ရက် မလေးရှား တွင် ကျင်းပမည့် အဆိုပါ အကောင်းဆုံးဆုပေးအပ်ပွဲအခမ်းအနားသို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင် သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့သည့် ပြီးခဲ့သည့် ဧပြီ ၁ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment