3.4.13

နေမာကို ဥရောပသို့ ပြောင်းရန် ရော်နယ်ဒို တိုက်တွန်း

ဘရာဇီးသား နေမာ အနေနှင့် ၂၀၁၄ ကမ္ဘာ့ဖလား မတိုင်မီ ဥရောပသို့ ထွက်ကစားသင့်ကြောင်း တိုက်စစ်မှူးကြီး ရော်နယ်ဒိုက တိုက်တွန်း လိုက်သည်။ ၃၆ နှစ် ရှိပြီ ဖြစ်သော ရော်နယ်ဒိုက နောမာ အနေနှင့် လက်ရှိ ခြေစွမ်းများအရ ဘရာဇီး တွင်သာ ကျေနပ်မနေပဲ ဥရောပ ထိပ်တန်းကလပ် တစ်ခုခုသို့ ပြောင်းရွှေ့ ကစားသင့်ကြောင်း၊ အကယ်၍ ဥရောပသို့သာ ရောက်ရှိသွာပါက လက်ရှိ ခြေစွမ်းနှင့် အတွေ့ အကြုံသစ်များ ပေါင်းစပ်လိုက်လျင် ကမ္ဘာ့အကောင်းဆုံး နေမာအား ကမ်းလှမ်းသည့် ကလပ်များ ရှိနေသည့် ကြားမှ နေမာမှာ လက်ရှိ ကလပ် ဆန်းတို့စ်နှင့် စာချုပ်သက်တမ်းတိုးခဲ့ကြောင်း၊ မိမိအမြင်အရ ပြောရလျင် လက်ရှိ အရွယ်တွင် ဥရောပ ထွက်၍ အမြင်ကျယ်ကျယ်ဖြင့် ကစားသင့်ပြီဟု ယူဆကြောင်း ပြောဆို သွားခဲ့သည်။ ၂၁ နှစ်သား နေမာကို ဘိုင်ယန်၊ ဘာစီလိုနာ စသည့် ကလပ် အသင်းကြီးများက စိတ်ဝင်စား လျက် ရှိနေသည်။

0 comments:

Post a Comment