3.4.13

မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို

ပရိသတ် တွေရဲ့ အားပေးမှု နေရာ တစ်နေရာ ရရှိထားတဲ့ မိုးဟေကိုက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကို နေမင်း၊ ဝါဝါအောင် တို့နဲ့အတူ ရိုက်ကူး နေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပ နိုင်ငံမှာ ဆေးသွားကုသ ပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ ပါသေးတယ်။ ခရီးထွက် ဖြစ်နေတဲ့ အချိန်မှာတော့ ကားရိုက်တွေကို ခဏနားခဲ့ ပါတယ်။ ခရီးနဲ့ ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနား ထားပါတယ်။ အမေကလည်း နေမကောင်း တာနဲ့ ဆေးခန်း သွားပြတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာ သွားခဲ့တယ်။ အဓိကတော့ အမေဆေးခန်း သွားပြ တာပါ”လို့ ပြောပါတယ်။ နှစ်တိုင်း သင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုက ဒီနှစ် သင်္ကြန်ကိုတော့ မိသားစုနဲ့ အတူ တရားစခန်း ဝင်ဖို့ ရှိကြောင်း ပြောပါ တယ်။ မိုးဟေကိုက သင်္ကြန်ပြီး ရင်တော့ ဓာတ်ပုံ ကြော်ငြာအတွက် နိုင်ငံခြားမှာ သွားရောက် ရိုက်ကူးဖို့ ရှိကြောင်း ပြောပြခဲ့ပါတယ်။

0 comments:

Post a Comment