3.4.13

နေပြည်တော်နောက်ခံလူ ချစ်စမ်းမောင် ဒဏ်ရာကြောင့် အနားယူရမည်

နေပြည်တော် အသင်း နောက်ခံလူ ချစ်စမ်းမောင်သည် ပြီးခဲ့သည့် နေရှင်နယ်လိဂ် ပွဲစဉ် ၇ ဇွဲကပင်အသင်း အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး တစ်လခန့် အနားယူရ မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် ချစ်စမ်းမောင် ဒဏ်ရာရရှိခဲ့သဖြင့် ရွှေလှိုင်ဝင်းနှင့် လူစားလဲခဲ့ရပြီး ချစ်စမ်းမောင်ရရှိခဲ့သည့် ဒဏ်ရာမှာ ပြီးခဲ့သည့်နှစ်တွင် ရရှိခဲ့ဖူးသည့် ဒဏ်ရာဟောင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ချစ်စမ်းမောင်သည် လာမည့် ဇေယျာရွှေမြေအသင်း၊ ရတနာပုံ အသင်းများနှင့် ပွဲစဉ်အား လွဲချော်တော့ မည်ဖြစ်သည်။ ဇွဲကပင်အသင်းအား အနိုင်ရရှိခဲ့ သည့်ပွဲတွင် နေပြည်တော်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း သည် ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိ တွေ့ရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ နည်းပြကို သတင်းစာရှင်းလင်းပွဲတက်ဖို့ ခေါ်ထား ပြီးပါ ပြီ။ သူ့ဘက်က မတက်ရောက်ခဲ့တာပါ။ ဒါကို ပွဲ အပြီး အစီအရင်ခံစာမှာ ထည့်သွင်းမှာပါ”ပြောကြားခဲ့သည်။

0 comments:

Post a Comment