3.4.13

ဘယ်ခံစစ်ကိုမဆို ထိုးဖောက်နိုင်ပါတယ်----ဖီးလစ်လမ်း

ဘိုင်ယန်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက မိမိတို့၏တိုက်စစ်ပိုင်းမှာ မည်သည့်ခံစစ်ကိုမဆို ထိုးဖောက်နိုင် သည်ဟု ကြုံးဝါးသွားခဲ့သည်။ ဂျူဗင်တပ်မှာ ယခုရာသီ စီးရီးအေတွင် ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေကာ ပွဲ ၃၀ ကစားပြီးချိန်တွင် ၁၉ဂိုးသာ ပေးထားရခြင်းကြောင့် ဘိုင်ယန်အနေဖြင့် တိုက်စစ်ဆင်ရန် အခက်တွေ့နိုင်ဖွယ်ရှိနေသည်။

သို့သော် ဖီးလစ်လမ်းက “ဂျူဗင်တပ်ဟာ စီးရီးအေမှာ လွှမ်းမိုးထားနိုင်သလို သူတို့ကို အနိုင်ရဖို့လည်း မလွယ်ပါဘူး။ အသင်းလိုက်စုဖွဲ့မှုကောင်းသလို တစ်ဦးချင်းစွမ်းရည်လည်း ကောင်းတဲ့ အီတလီ ကလပ်ဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အသင်းရဲ့ လုပ်နိုင်စွမ်းကို သိထားပါတယ်။ ကျွန်တော်တို့အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေသလို ဘယ်ခံစစ်ကိုမဆို ထိုးဖောက်နိုင်ပါတယ်။ ဂျူဗင်တပ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အနိုင်ရဖို့ခက်ခဲပေမယ့် သူတို့ကိုအနိုင်ကစား ချင်ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မှာ ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၈ဂိုးထိသွင်းယူ ထားနိုင်ပြီး ရီးရဲလ်နှင့်အတူ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေနိုင်သည်။

0 comments:

Post a Comment