ငရုတ်ပင်ကို
ရုက္ခဗေဒ အခေါ်အဝေါ် အရ capsicum annuum ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ငရုတ်သီး
စားသုံးသူ အတော်များများ ရှိပေသည်။ ကျန်းမာရေး သုတေသီများက ငရုတ်သီး၏
ပါဝင်ပစ္စည်း များကို လေ့လာ စမ်းသပ်ခဲ့ရာ ဗီတာမင် C ၊ သံဓာတ်၊ သတ္တုဓာတ်၊ ကယ်လ်စီ
ယမ်ဓာတ်၊ ဗီတာမင် B နှင့် ဖော့စ်ဖောရပ်စ် ဓာတ်တို့် ကြွယ်ဝစွာ
ပါဝင်နေကြောင်း တွေ့ရှိရသည်။ ငရုတ်သီးကို သင့်တင့်သည့် ပမာဏ စားသုံးပေး
ခြင်းဖြင့် သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် သွေးတွင်း ကိုလက်
စထရောလ် များခြင်းတို့ ဖြစ် နိုင်ခြေကို ထိန်းသိမ်း နိုင်သည်ဟု လည်း
သိရသည်။
0 comments:
Post a Comment