3.4.13

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ နေပြည်တော်သို့ရောက်ရှိ

တစ်နာရီခန့်တွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည် ။ ဂျင်မီကာတာ အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က သွားရောက် ကြိုဆို ခဲ့သည်။ ဂျင်မီကာ တာသည် မြန်မာနိုင်ငံတွင် ၅ ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး မြန်မာ အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များ အပါအ၀င် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။၎င်းသည် အမေရိကန် သမ္မတ အဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အချို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ သောကြောင့် ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment